စစ်တောင်းမြစ်နှင့် ရွှေကျင်မြစ်ရေသည် တောင်ငူနှင့်ရွှေကျင်မြို့တို့တွင် ၂၄ နာရီအတွင်း စိုရိမ်ရေမှတ်ရောက်မည်

စစ်တောင်းမြစ်နှင့် ရွှေကျင်မြစ်ရေသည် တောင်ငူနှင့်ရွှေကျင်မြို့တို့တွင် ၂၄ နာရီအတွင်း စိုရိမ်ရေမှတ်ရောက်မည်

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် ၂၄ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်းနှင့် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် ၂၄နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

အလားတူ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၃)ပေခန့်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်းလည်း မိုး / ဇလကထုတ်ပြန်ထားသည်။ လက်ရှိ၌စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၃)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိ ရေမှတ်မှ နောက်(၂)ရက်အတွင်း ပေဝက်ခန့်ဆက်လက် တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၃)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း ပေဝက်ခန့် ဆက်လက် တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ 
ထို့ကြောင့် မဒေါက်မြို့ ၊ဘားအံမြို့ ၊တောင်ငူမြို့ ၊ရွှေကျင်မြို့နှင့်ဘီးလင်းမြို့နယ်အတွင်း၌ မြစ်ကမ်းနဘေးတွင်နေထိုင်ကြသည့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ရန်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး