ရွှေပြည်သာမြို့နယ်တွင် အသက် ၁၂ နှစ်အရွယ် မယားပါသမီးကို ပထွေးဖြစ်သူက ခြိမ်းခြောက်ကာ သားမယားအဖြစ်ကြိမ်ကြိမ်ပြုကျင့်ခဲ့မှု စက်တင်ဘာ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ယင်းနေ့ နံနက်(၉)နာရီအချိန်ခန့်က ရွှေပြည်သာမြို့နယ် အမှတ်(၁၉)ရပ်ကွက်နေ ဦးမြင့်ဦး(၅၀ နှစ်) ဆိုသူက အသက် ၁၂ နှစ်အရွယ် မယားပါသမီးကို အကြိမ်ကြိမ် သားမယားပြုကျင့်နေကြောင်း သတင်းအရ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းထိန်နှင့်အဖွဲ့က သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့သည်။ ထိုသို့ သွားရောက်ကြည့်ရှုရာ ဦးမြင့်ဦးက ၄င်း၏မယားပါသမီးဖြစ်သူကို သားမယားပြုကျင့်နေစဉ် ဖမ်းဆီးရမိခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ယူစစ်ဆေးခဲ့ရာ ၄ ကြိမ်ခန့် သားမယားပြုကျင့်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
အမျိုးသမီးငယ်ကို အမျိုးသမီးရေးရာအဖွဲ့ဝင်များက မေးမြန်းခဲ့ရာ ဦးမြင့်ဦးက သားမယားအဖြစ်အကြိမ် ကြိမ်ပြုကျင့်ခဲ့ပြီး ခြိမ်းခြောက်ထားသောကြောင့် မိခင်ဖြစ်သူကို ပြန်၍ တိုင်ကြားခဲ့ခြင်းမရှိကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရာအိမ်မှူး ဦးဆန်းဝင်းက တရားလိုပြု၍ အရေးယူပေးရန် သက်ဆိုင်ရာ သို့တိုင်ကြားခဲ့သည်။ ရွှေပြည်သာမြို့မရဲစခန်းက (ပ)၁၁၈၇/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။
















