ဖောက်ခွဲရေးသုံး ဒီတိုနေတာအချောင်း တစ်သိန်းခွဲကျော် ကျောက်မဲတွင် ဖမ်းမိ

ဖောက်ခွဲရေးသုံး ဒီတိုနေတာအချောင်း တစ်သိန်းခွဲကျော် ကျောက်မဲတွင် ဖမ်းမိ

ကျောက်မဲမြို့ရှိ အိုရီယမ်တယ်တိုးဂိတ်အနီး ဖောက်ခွဲရေးသုံး ဒီတိုနေတာများ သယ်ဆောင်လာသည့် ကုန်တင်ယာဉ်ကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့က စက်တင်ဘာ ၄ ရက်နေ့ ကဖမ်းဆီးအရေးယူခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။

အဆိုပါနေ့ ည ၁၁ နာရီ ၃၅ မိနစ် အချိန်ခန့်တွင် လားရှိုးမှ မန္တလေးသို့ ဘုတလင်မြို့နေ ယာဉ်မောင်း ဇော်မြင့်သိန်း( ၂၉ နှစ်)နှင့် လားရှိုးမြို့နေ ယာဉ်နောက်လိုက်ဇော်မြင့်ဦး(၃၈ နှစ်)တို့ လိုက်ပါလာသည့် ၆ ဘီးကင်တာကုန်တင်ယာဉ်ကို သက်ဆိုင်ရာက စစ်ဆေးခဲ့သည်။ ယာဉ်ပေါ်တွင် သံတိုသံစများထည့်ထားသည့်အိတ်များဖြင့်ဖုံးအုပ်သယ်ဆောင်လာသည့် ပီနံအိတ် အလုံး ၃၀ဖြင့် ထည့်သွင်းထားသည့် ဖောက်ခွဲရေးသုံးဒီတိုနေတာ(နီညိုရောင်ကြိုးပါ) အချောင်း ၁၅၉၅၀ဝ ချောင်း၊ စိမ်းပြာရောင်ကြိုး ဒီတိုနေတာ အချောင်း ၅၀ဝ၀ စုစုပေါင်း ဒီတိုနေတာ ၁၆၄,၅၀ဝ ကို ဖမ်းဆီးရမိခဲ့သောကြောင့် သယ်ဆောင်လာသူ ၂ ဦးကို အရေးယူထားကြောင်း သိရသည်။ 
အဆိုပါသိမ်းဆည်းရမိခဲ့သည့် ဖောက်ခွဲရေးသုံးဒီတိုနေတာများနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိပြီး ကျောက်မဲမြို့မ ရဲစခန်းတွင် (ပ) ၃၅၇/၁၈၊ ရှမ်းလက်နက်ပုဒ်မ ၁၂(က)အရ အမှုဖွင့်အရေးယူထားသည်။