အင်ကြင်းကျောက် ၃၀ဝ ကျော် သယ်ဆောင်လာသူ သုံးဦးကိုအရေးယူ

အင်ကြင်းကျောက် ၃၀ဝ ကျော် သယ်ဆောင်လာသူ သုံးဦးကိုအရေးယူ

ကျောက်မဲမြို့တွင် အင်ကြင်းကျောက် ၃၀ဝ ကျော် တရားမဝင်သယ်ဆောင်လာသူ သုံးဦးကို  စက်တင်ဘာ ၄ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှသိရသည်။

အဆိုပါနေ့ ည ၁၀ နာရီ အချိန်ခန့်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ကျောက်မဲမြို့ အိုရီယမ်တယ်တိုးဂိတ်တွင် မူဆယ်ဘက်သို့ဖြတ်သန်းမောင်းနှင်သည့် အေဒီဗင်ယာဉ်ကို သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့သည်။
အဆိုပါယာဉ်ပေါ်တွင် သတင်းစာစက္ကူများနှင့်ပတ်လျက် ခြင်းတောင်း ၇ လုံးဖြင့်ထည့်လျက်  သယ်ယူလာသည့် အင်ကြင်းကျောက်အရွယ်စုံ ၃၂၇ တုံးကို သက်ဆိုင်ရာက တွေ့ရှိစစ်ဆေးခဲ့သည်။ အဆိုပါ အင်ကြင်းကျောက်များမှာ သက်ဆိုင်ရာဝန်ကြီးဌာန ရဲ့ခွင့်ပြုချက်တစ်စုံ တစ်ရာမပါရှိဘဲ မန္တလေးမြို့မှ သယ်ယူလာကြောင်းသိရသဖြင့် ယာဉ်မောင်း အပါအဝင် သုံးဦးကို ဖမ်းဆီးခဲ့သည်။
ကျောက်မဲမြို့မရဲစခန်းက (ပ)၃၅၆/၁၈ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)အရ အမှုဖွင့်အရေး ယူထားသည်။