ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စကားများ ရန်ဖြစ်ရာက ပုလင်းဖြင့်ရိုက်သတ်ခဲ့သူ ၄ ဦးကို ဖမ်းမိ

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စကားများ ရန်ဖြစ်ရာက ပုလင်းဖြင့်ရိုက်သတ်ခဲ့သူ ၄ ဦးကို ဖမ်းမိ

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် စောင်းမြောင်းပြောဆိုသည်ကိုမကျေနပ်သဖြင့် စကားများ ရန်ဖြစ်ရာက ပုလင်းဖြင့်ရိုက်သတ်ခဲ့သည်ဆိုသူများကို သက်ဆိုင်ရာက သြဂုတ် ၅ ရက်တွင် ဖမ်းဆီးခဲ့ပြီး ရုံးထုတ်ရီမန်ယူခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၄ ရက် ညနေ ၆  နာရီခွဲ အချိန်ခန့်တွင်  ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၀) ရပ်ကွက်နေ အမျိုးသားကြီးတစ်ဦး နေအိမ်၌ ရှိနေစဉ် (၈၈)ရပ်ကွက်၊ ရတနာမြိုင်လမ်းထောင့်ရှိ စားသောက်ဆိုင်တွင် စကားများရန်ဖြစ်ရာက သားဖြစ်သူ ရာဇာဝင်း အရက်ပုလင်းဖြင့် အရိုက်ခံရ ကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။ သားဖြစ်သူတွင်ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ဝဲ/ယာပါးဖူးရောင် ဒဏ်ရာများရရှိထားသဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံမှတစ်ဆင့် မြောက်ဥက္ကလာပမြို့နယ် ဆေးရုံသို့ လွှဲပြောင်း ကုသခဲ့ရပြီး စက်တင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သေဆုံးခဲ့သည်ဆိုကာ အရေးယူ ပေးရန် တိုင်ကြားခဲ့သည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်းက (ပ) ၆၇၄/၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်၍ တရားခံ ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သည်ဆိုသူဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေအောင်နိုင်ဝင်း (၃၂)နှစ်၊ ကျော်စွာထွန်း(ခ)ကျော်စွာ၊(၂၆)နှစ်၊ မိုးကျော်၊(၄၄)နှစ်၊ အေးကိုကို(ခ) အေးကို(၂၃)နှစ် တို့ကို အဆိုပါနေ့ ညပိုင်းတွင် ဖမ်းဆီးစစ်ဆေးခဲ့သည်။

ကျော်စွာထွန်းပါ(၄)ဦးကို စစ်ဆေးချက်အရ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီ ၄၀ အချိန်ခန့်တွင်  အောင်နိုင်ဝင်း၏အဖွားဖြစ်သူ နာရေးအိမ်မှ ဒဂုံမြို့သစ်အခင်းဖြစ်ပွားခဲ့သည့်အရက်ဆိုင်သို့သွားရောက်ခဲ့ကြောင်း၊အချင်းချင်းစကားပြောပြီး အရက် သောက်နေစဉ်တစ်ဘက်ဝိုင်းမှ ယခင်ကခင်မင်းနှီးသူရာဇာဝင်းက ၎င်းတို့ကို စောင်းမြောင်း ပြောဆိုသဖြင့် ကျော်စွာထွန်း (ခ) ကျော်စွာက မကျေမနပ်ဖြစ်ကာ ရာဇာဝင်း၏အရက်ဝိုင်းရှိ ဇေအရက်ထည့်ထားသော အအေးပုလင်းဖြင့် ရိုက်နှက်ခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက အမှုတွင်အသုံးပြုခဲ့သည့် ပုလင်းကိုသိမ်းဆည်းကာ ၄င်းတို့ကိုဥပဒေနှင့်အညီစစ်ဆေးခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့ နယ်တရားရုံးတွင် ရီမန်ယူခဲ့ခြင်းဖြစ်သည်။