အထောက်အထားမဲ့ဝင်ရောက်လာသူနှင့်အခကြေးငွေယူပို့ဆောင်သူ ၂ ဦးကို ဖမ်းဆီး

အထောက်အထားမဲ့ဝင်ရောက်လာသူနှင့်အခကြေးငွေယူပို့ဆောင်သူ ၂ ဦးကို ဖမ်းဆီး

အမ်းမြို့ခရမ်းကျွန်းတောအတွင်း အထောက်အထားမဲ့ဝင်ရောက်လာသူ နှင့်အခကြေး ငွေယူကာ ပို့ဆောင်သူ ၂ ဦးကို သက်ဆိုင်ရာက စက်တင်ဘာ ၅ ရက်နေ့တွင်  ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။

အဆိုပါနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင်  အမ်းမြို့နယ် ခရမ်းကျွန်းကျေးရွာအနီး တောအတွင်း၌ မြောက်ဦးမြို့နယ်နေ မောင်မောင်ထွန်း(ခ)ကော်ရော်လီ(၁၈)နှစ်ကို ခရမ်းကျွန်းကျေးရွာနေ အောင် ဆန်းမြင့် (၄၅)နှစ်နှင့်အတူ အမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များကတွေ့ရှိဖမ်းဆီးခဲ့သည်။

စုံစမ်းချက်အရ မောင်မောင်ထွန်း(ခ)ကော်ရော်လီ ကို အောင်ဆန်းမြင့်က ခရမ်းကျွန်းကျေးရွာမှ ထန်းချောင်းကျေးရွာသို့ ငွေကျပ်(၁၂)သိန်းဖြင့် တောလမ်း အတိုင်းပို့ဆောင်ရန်ခေါ်ယူလာစဉ်သက် ဆိုင်ရာကဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အမ်းမြို့မရဲစခန်း (ပ)၈၁/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၇/၃၇၀ အရ အရေးယူထားပြီး မောင်မောင်ထွန်း (ခ)ကော်ရော်လီ ကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ဆက်လက်စစ် ဆေးလျက်ရှိသည်။