နောင်ချိုမြို့အဝင်တွင် ကျပ်သိန်းငါးသောင်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

နောင်ချိုမြို့အဝင်တွင် ကျပ်သိန်းငါးသောင်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

နောင်ချိုမြို့အဝင်တွင် ကျပ်သိန်းငါးသောင်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ စက်တင်ဘာ ၆ ရက်တွင် သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါနေ့ နံနက် ၆  အချိန်ခန့်တွင် နောင်ချို့မြို့နယ် မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး အိုရီယမ် တယ်တိုးဂိတ်အနီးတွင် နေဦးမောင်(ခ)မျိုးကြီး(၃၄ နှစ်) မောင်းနှင်ပြီး သိန်းဆွေ(၃၄ နှစ်) လိုက်ပါ လာသည့် Revo Hilux မော်တော်ယာဉ်အား မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များက မူးယစ်သတင်းအရစစ်ဆေးခဲ့သည်။ အဆိုပါယာဉ်ယာဉ်နောက်ခန်းကြမ်းခင်းနှင့် ဘော်ဒီအံဝှက်များအတွင်း စိတ်ကြွရူး သွပ်ဆေးပြား ၂,၅၄၁,ဝ၀ဝ ပြားနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

၄င်းတို့ ၂ ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားသည်။