တရုတ်ဖိတ်ခေါ်ပွဲ၌ မြန်မာယူ-၂၁အသင်း တတိယနေရာနှင့် လွဲချော်

တရုတ်ဖိတ်ခေါ်ပွဲ၌ မြန်မာယူ-၂၁အသင်း တတိယနေရာနှင့် လွဲချော်

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် လေးနိုင်ငံယူ-၂၁ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် မြန်မာနှင့် တာဂျစ်ကစ္စတန်အသင်းတို့သည် စက်တင်ဘာ ၈ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁နာရီခွဲက ယှဉ်ပြိုင်ခဲ့ရာ ဂိုးမရှိသရေကျခဲ့ပြီး တတိယဆုနှင့် မြန်မာအသင်းလွဲချော်ခဲ့သည်။

ကျေနပ်ခဲ့ရ

မြန်မာအသင်းသည် ပွဲထွက်စာရင်း၌ ထက်အာကာလင်း၊အောင်နိုင်ဝင်း၊ ဇော်ဝင်းမောင်၊ကျော်သက်ဦး အစရှိသည့်ကစားသမားများကို ထုတ်သုံးခဲ့သည်။ မြန်မာအသင်းမှာ ယခုပွဲကို အနိုင်ရရှိပါမှ တတိယနေရာရရှိမည်ဖြစ်၍ ပွဲစသည်နှင့် တိုက်စစ်ဆင်ကစားခဲ့သော်လည်း တိုက်စစ်မှူးများ ဂိုးသွင်းမသေချာ၍ ဦးဆောင်ဂိုးနှင့် ဝေးနေခဲ့သည်။ ဒုတိယပိုင်းတွင် ကစားသမားအပြောင်းအလဲများပြုလုပ်ခဲ့သော်လည်း မြန်မာအသင်းမှာ ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိ၍ ပွဲအပြီး၌ သရေတစ်မှတ်ဖြင့်ကျေနပ်ခဲ့ရသည်။

လွဲချော်ခဲ့

မြန်မာယူ-၂၁အသင်းသည် အုပ်စုပွဲစဉ်သုံးပွဲကစားခဲ့ရာတွင် နှစ်ပွဲရှုံး၊တစ်ပွဲသရေ၊ရမှတ်တစ်မှတ်ဖြင့် တတိယနေရာနှင့်လွဲချော်ခဲ့ရပြီး တာဂျစ်ကစ္စတန်အသင်းမှာ တစ်ပွဲရှုံး ၊ နှစ်ပွဲသရေ၊ ရမှတ်နှစ်မှတ်ဖြင့် တတိယနေရာရရှိခဲ့သည်။ ဖိတ်ခေါ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို အိမ်ရှင်တရုတ်အသင်းနှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ကစားရမည်ဖြစ်သည်။

 



ဖတ်ရှုမှုအများဆုံး