တိုင်းနှင့်ပြည်နယ်အလေးမပြိုင်ပွဲ ဧရာဝတီနှင့်ရန်ကုန် တံခွန်စိုက်ဆုများဆွတ်ခူး

တိုင်းနှင့်ပြည်နယ်အလေးမပြိုင်ပွဲ ဧရာဝတီနှင့်ရန်ကုန် တံခွန်စိုက်ဆုများဆွတ်ခူး

တိုင်းနှင့် ပြည်နယ် အလေးမပြိုင်ပွဲကို စက်တင်ဘာ၇ရက် နံနက် ၉ နာရီက နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိလက်ဝှေ့ရုံ၌ ကျင်းပခဲ့ရာ အမျိုးသားတံခွန်စိုက်ဆုကို ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့် အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများကို  ရန်ကုန်တိုင်း ဒေသကြီးအသင်းတို့က ဆွတ်ခူးနိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲ အမျိုးသား ၉၄ ကီလိုတန်း ပြိုင်ပွဲတွင် ရန်ကုန်မှ အောင်သော်ဇင်ကပထမ နှင့် တနင်္သာရီမှ ဌေးလွင်က ဒုတိယ၊ အမျိုးသား ၁၀၅ ကီလိုတန်းပြိုင်ပွဲတွင် ရန်ကုန်မှ အောင် မင်းခန့်က ပထမ၊ နေပြည်တော်မှ ရဲပြည့်စိုးက ဒုတိယနှင့် ရှမ်းမှ ရဲနန္ဒက တတိယရရှိခဲ့သည်။ အမျိုးသား ၁၀၅ ကီလိုတန်းအထက်ပြိုင်ပွဲတွင် မန္တလေးမှ ရန်မျိုးကျော်က ပထမ၊ ပဲခူးမှ စိုးအောင်မော်က ဒုတိယနှင့် ရန်ကုန်မှဇော်ဇော် အောင်က တတိယရရှိခဲ့သည်။

အမျိုးသမီး ၆၉ ကီလိုတန်းတွင် မကွေးမှ ကစားသမားများဖြစ်သည့် ဇင်မာအေးကပထမ၊ ဝေဝေလှိုင်က ဒုတိယနှင့် ရှမ်းမှ သင်းသင်းဆု က တတိယရရှိခဲ့ပြီး ၉၀ ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီမှမေလဲ့လဲ့ဝင်းလှိုင်က ပထမ၊ ရန်ကုန်မှ သင်းမြတ်နွယ်ကဒုတိယနှင့် စစ်ကိုင်းမှသင်းသင်း စိုးက တတိယရရှိခဲ့သည်။

ပြိုင်ပွဲ၏ အမျိုးသားအကောင်းဆုံး ကစား သမားဆုကို ရန်ကုန်မှ သီဟအောင်နှင့် အမျိုး သမီးအကောင်းဆုံးကစားသမားဆုကို ဧရာဝတီ မှဇင်မေဦးတို့က ရရှိခဲ့သည်။ ဆက်လက်ပြီး တံခွန်စိုက်ဆုဖလားများကိုချီးမြှင့်ခဲ့ရာ အမျိုး သားတံခွန်စိုက်ဆုကို ဧရာဝတီတိုင်းဒေသကြီး အသင်းကလည်းကောင်း၊ အမျိုးသမီးတံခွန် စိုက်ဆုနှင့် စုပေါင်းတံခွန်စိုက်ဆုတို့ကို ရန်ကုန် တိုင်းဒေသကြီးအသင်းက လည်းကောင်း ဆွတ်ခူးခဲ့သည်။

အဆိုပါပြိုင်ပွဲ၏ ၁၀၅ ကီလိုတန်းအထက် ပြိုင်ပွဲတွင် မန္တလေးမှ ရန်မျိုးအောင်က မြန်မာ နိုင်ငံ၏ အကောင်းဆုံးအမြန်မ စံချိန်ဖြစ်သော ၁၃၅ ကီလိုကို ၁၃၆ ကီလိုဖြင့် စံချိန်ချိုးနိုင် ခဲ့ကြောင်း သိရှိရသည်။



ဖတ်ရှုမှုအများဆုံး