အပြင်ဘုတ်မှ ပြန်လာသည့် အကျဉ်းသားတစ်ဦး၏ စအိုအတွင်းမှ စိတ်ကြွဆေးပြား (၁၀၁) ပြား ဖမ်းမိ

အပြင်ဘုတ်မှ ပြန်လာသည့် အကျဉ်းသားတစ်ဦး၏ စအိုအတွင်းမှ စိတ်ကြွဆေးပြား (၁၀၁) ပြား ဖမ်းမိ

နေပြည်တော်အချုပ်ထောင်တွင် အပြင်ဘုတ်မှပြန်လာသည့် အကျဉ်းသားတစ်ဦး၏စအိုအတွင်းမှ စိတ်ကြွရူး သွပ်ဆေးပြား ၁၀၁ ပြားကို သက်ဆိုင်ရာက စက်တင်ဘာ ၈ ရက်တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

အဆိုပါနေ့ ညနေ ၅ နာရီ မိနစ် ၅၀ အချိန်တွင် နေပြည်တော်အချုပ်ထောင်ရှိ အကျဉ်းသားများအနက်မှ ရေသန့်စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင် အပြင်ဘုတ်မှ ပြန်လာသည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၆၃/၃၇၉ ဖြင့် ပြစ်ဒဏ် ၄နှစ်ကျခံနေသူ ကိုမင်းရဲကိုကိုအား ထောင်အဝင် တံခါးကြီးအတွင်း ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့ရှာဖွေစစ်ဆေးစဉ် ၄င်း၏စအိုအတွင်း ထည့်သွင်းယူဆောင်လာသည့် တိတ်ဖြင့်ပတ်လျက် စိတ်ကြွဆေးပြား ၁၀၁ ပြားကို တွေ့ရှိရသဖြင့် မူးယစ်တပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။ အမှတ်(၇) နယ်မြေရဲ စခန်းက မူးယစ်(ပ) ၁/၂၀၁၈ ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူထားသည်။