ဘုရင့်နောင် တံတားအဆင်း တပ်ထိပ်မှတ်တိုင်အနီး ခရီးသည်တင်ယာဉ်မီးလောင်
စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်း တပ်ထိပ်မှတ်တိုင်အနီး ခရီးသည်တင်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးသတ်ယာဉ် ၃ စီး ကယ်ဆယ်ရေးယာဉ် ၁ စီး တို့က မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ မိနစ်၂၀ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်းများအရ သိရသည်။

















