မုဒုံမြို့နယ်တွင် သေနတ်သမား၏ ခုခံပစ်ခတ်မှုကို ဝိုင်းဝန်းဖမ်းဆီးခဲ့သူများကို ဂုဏ်ပြုဆုများ ချီးမြှင့်

မုဒုံမြို့နယ်တွင် သေနတ်သမား၏ ခုခံပစ်ခတ်မှုကို ဝိုင်းဝန်းဖမ်းဆီးခဲ့သူများကို ဂုဏ်ပြုဆုများ ချီးမြှင့်

မုဒုံမြို့နယ်တွင် သေနတ်သမားက ခုခံပစ်ခတ်မှုကို ဝိုင်းဝန်းဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနေပြည်သူ့စစ်များကို မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်နိုင်က ယနေ့ (စက်တင်ဘာ ၉)ရက်နေ့တွင် ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

အမှုဖြစ်ပွားပုံမှာ မုဒုံမြို့နယ် မြို့မ ၂ ရပ်ကွက် ရွှေညောင်ပင်ရပ်တွင် စက်တင်ဘာ ၇ ရက်‌‌နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က သေနတ်ကိုင်ဆောင်သူ အမျိုးသားတစ်ဦးရောက်နေကြောင်းသတင်းအရ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးမြအောင် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်ခေါင်းဆောင်ဦးစိုးနိုင်နှင့်အဖွဲ့တို့ သွားရောက်ဖမ်းဆီးခဲ့ သည်။ လက်နက်ကိုင်ဆောင်ထားသူ အမျိုးသားမှာ ရဲတပ်ဖွဲ့ဝင်များလာရောက်ဖမ်းဆီးစဉ် ဝက်တဲအတွင်း ထွက်ပြေးစဉ် သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်ခဲ့ခြင်းကြောင့် ရဲတပ်ကြပ် မြင့်သိန်းနှင့်အဖွဲ့က pump action 12 ball ‌သေနတ်‌ဖြင်‌့ ပြန်လည်ပြစ်ခတ်ခဲ့သည်။ သေနတ်ကိုင်ဆောင်ထွက်ပြေးသူ ဘုရားသုံးဆူမြို့နေ အောင်မြ(ခ)အုန်းမှုတ် (၅၅) နှစ်ကို မွန်းလွဲ ၁ နာရီခန့်တွင် ပိတ်ဆို့ဖမ်းဆီးရမိခဲ့သည်။ 


၄င်းတွင် ကျောကုန်း၊ တံတောင်ဆစ်အနီး pump action 12 ball ‌သေနတ်‌ဖြင်‌့ပစ်ခတ်ခဲ့သည့် ဒဏ်ရာ ၂ ချက်ရရှိခဲ့သည်။ ဖမ်းဆီးရမိသူ အောင်မြ(ခ)အုန်းမှုတ် ကိုစုံစမ်းချက်အရ ယခင်က မုဒုံမြို့နယ်မြို့မ ၂ ရပ်ကွက် မြစံပယ်လမ်းတွင် နေထိုင်ခဲ့ပြီး ၎င်းထံမှ ပါရာအမျိုးစားပစ္စတိုသေနတ်တစ်လက် ပွိုင့်၂၂ ကျည်ကျန် ၄ တောင့် သိမ်းဆည်းရမိခဲ့သည်။ 
၄င်းသေနတ်ကို ထိုင်းနယ်စပ်မှ မှောက်ခိုဝယ်ယူလာခဲ့ပြီး ရန်ငြိုးရှိသူကို လုပ်ကြံရန် လာရောက်စဉ် တပ်ဖွဲ့ဝင်များရောက်ရှိလာသဖြင့် ခုခံထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မုဒုံမြို့မရဲစခန်းက (ပ)၁၄၉၈/၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၀၇ အရလည်းကောင်း၊ (ပ)၁၄၉၉/၁၈ ၊လက်နက်ပုဒ်မ ၁၉(စ) အရလည်းကောင်း အမှုဖွင့်အရေးယူထားသည်။