ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနာဂဒေသ နန်းယွန်းမြို့နယ်၌ ရာသီအကူးအပြောင်းကြောင့် ကလေးငယ်ခုနစ်ဦးသေဆုံးခဲ့

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနာဂဒေသ နန်းယွန်းမြို့နယ်၌ ရာသီအကူးအပြောင်းကြောင့် ကလေးငယ်ခုနစ်ဦးသေဆုံးခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသ နန်းယွန်းမြို့နယ်တွင် ရာသီ အကူးအပြောင်းကြောင့် ကလေးငယ်များ ကိုယ်ပူဖျားနာရာမှ ကလေးငယ်ခုနစ်ဦးသေဆုံးခဲ့သည် ဟု ကြားသိရသော်လည်း ရုံးသို့ သုံးဦးသေဆုံးသည့်စာရင်းသာ ရောက်ရှိသေးကြောင်း နာဂပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဦးကာစီရန်က စက်တာဘာ ၉ ရက်က ပြောဆိုသည်။ကူးစက်သည့်ရောဂါမဟုတ်ဘဲ ရာသီအကူးအပြောင်းကြောင့်ဖြစ်ကြောင်း သိရသည်။

နန်းယွန်းမြို့နယ်၌ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကလေးငယ် ခုနစ်ဦး သေဆုံးခဲ့သည်ဟု ကြားသိရသော်လည်း ရုံးသို့ စာရင်းရောက်ရှိမှုမှာ သုံးဦးသာရှိနေသေး၍ နန်းယွန်းမြို့နယ်ထံ စာရင်းလှမ်းတောင်းထားကြောင်း ၎င်းက ပြောဆိုသည်။

"ကူးစက်တဲ့ရောဂါတော့ မဟုတ်ပါဘူး။ ရာသီဥတုပြောင်းလဲတဲ့ရောဂါကြောင့်ပါ။ ကိုယ်ပူ ဖျားပြီး မျက်စိတွေနီတာပေါ့၊ သေဆုံးတာကတော့ ၁၀ နှစ်နဲ့ လသားလေးတွေပေါ့။ သြဂုတ်လ ကနေစပြီး ဖြစ်တာပါ။ အဖျားကတော့ ရည်မရှည်ပါဘူး။ နောက်ထပ်လူနာ အနည်းအကျဉ်းတော့ ရှိနေသေးတယ်။ လက်ရှိမှာတော့ ဆေးလုံလောက်အောင် လုပ်ဆောင်ပေးထားပြီးပါပြီ" ဟု ဦးကာစီရန်က ပြောဆိုသည်။ လက်ရှိရောဂါဖြစ်ပွားနေသည့် ကျေးရွာတွင် အိမ်ထောင်စု ၁၀၅ စု၊ လူဦးရေ အမျိုးသား ၂၉၈ဦး၊ အမျိုးသမီး ၃၀၆ ဦး နေထိုင်လျက်ရှိကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး