စင်ကာပူဖိတ်ခေါ် ကရာတေးပြိုင်ပွဲတွင် ရွှေလေးခု၊ငွေနှစ်ခုနှင့် ကြေးသုံးခု ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရ မြန်မာကရာတေးအဖွဲ့သည် စက်တင်ဘာ ၁၀ရက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
ဆွတ်ခူးနိုင်ခဲ့
အဆိုပါပြိုင်ပွဲသို့ ဆရာကြီးဦးမင်းလွင်ဦးဆောင်ပြီး ကစားသမား ၁၈ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ သက်ငယ်တန်း အမျိုးသား၊အမျိုးသမီးပြိုင်ပွဲများတွင် မောင်ဂျာလနှင့် မဆိုင်းနူးတို့က ရွှေတံဆိပ်တစ်ခုစီ ဆွတ်ခူးပေးနိုင်ခဲ့ပြီး မောင်ဆန်းလတ်အောင်နှင့် မဆိုင်းမန်နူးတို့ကလည်း ရွှေတံဆိပ်တစ်ခုစီဖြင့် စုစုပေါင်း ရွှေတံဆိပ် လေးခုဆွတ်ခူးနိုင်ခဲ့သည်။ သက်ကြီးတန်း အမျိုးသား၊အမျိုးသမီးပြိုင်ပွဲတွင် ရာကူနှင့် ဂျာဆမ်ဘင်းတို့က ငွေတံဆိပ်တစ်ခုစီနှင့် နေအောင်၊ ဆမ်ဝအောင်၊ဂျရန်အောင်တို့က ကြေးတံဆိပ်တစ်ခုဆွတ်ခူးနိုင်ခဲ့သည်။
ဝင်ရောက်ယှဉ်ပြိုင်
ဖိတ်ခေါ်ကရာတေးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကစားသမား၁၈ဦးမှာ ကချင်ပြည်နယ်မှ ကရာတေးကစားသမား ၁၅ဦး ၊မန္တလေးမှ တစ်ဦး၊ရန်ကုန်မှ နှစ်ဦးတို့ဖြစ်ကြသည်။ပြိုင်ပွဲသို့ မြန်မာအပါအဝင် အိမ်ရှင်စင်ကာပူ၊တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊မလေးရှား၊ အိန္ဒိယ၊သီရိလင်္ကာ၊ နီပေါ၊ဘင်္ဂလားဒေ့ရှ် အသင်းတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။















