ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလကွန်ဒိုရှိတိုက်ခန်းတစ်ခုမှ အိမ်အကူလုပ်ကိုင်သူ မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံးခဲ့မှု ယနေ့ စက်တင်ဘာ (၁၀)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ပုဇွန်တောင်မြို့မရဲစခန်းမှ သိရသည်။
ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလလမ်းပေါ်ရှိ အိုးရှင်းစင်တာ တိုက်(C) ကွန်ဒိုပေါ်ရှိ အိမ်ခန်းတစ်ခုမှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့မှ အိမ်အကူ လာရောက်လုပ်ကိုင်နေသူ အသက် ၁၆ နှစ်အရွယ် မခိုင်သဉ္ဇာဖြစ်သည်။
" (၉)လွှာက ပြုတ်ကျတာပါ။ လောလောဆယ် ဖြစ်စဉ်ကို စစ်ဆေးနေပါတယ်၊အလောင်းကို ဆေးရုံကို ပို့လိုက်ပါပြီ" ဟု ပုဇွန်တောင်မြို့ မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်းများအရ သိရသည်။

















