စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အနီး ဗဟိုပြု၍ စက်တင်ဘာ ၁၀ ရက် ည ၁၁ နာရီ ကျော်က အင်အားအနည်းငယ်မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
စက်တင်ဘာလ (၁၀) ရက် ည ၂၃ နာရီ၊ ၂၇ မိနစ်၊ ၄၀ စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်ဘက် (၅၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြို့၏ အရှေ့-အရှေ့တောင်ဘက်(၂၂)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၃ ဒသမ ၁၅ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၄ ဒသမ ၆၄ ဒီဂရီ၊ အနက် ၉၂ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုင်းထွာရရှိခဲ့သည်။
ယခုနှစ်ဆန်းပိုင်းတွင်မြေငလျင်များဆက်တိုက်လှုပ်ခတ်ခဲ့ရာ ပြီးခဲ့သည့် ဇန်နဝါရီလတွင် အင်အားအသင့်အတင့်နှင့်အင်အားနည်းမြေငလျင် ၃၂ကြိမ်|ဖေဖော်ဝါရီလတွင် အင်အား အသင့်အတင့်နှင့်အင်အားနည်းမြေငလျင် ၁၃ကြိမ်| မတ်လတွင် အင်အားအသင့် အတင့် နှင့်အင်အားနည်းမြေငလျင် ၁၀ကြိမ်၊ ဧပြီလတွင် အင်အားအသင့်အတင့်နှင့်အင်အားနည်း မြေငလျင် ၁၉ ကြိမ် လှုပ်ခတ်ခဲ့သည်။
ထို့ပြင် မေလတွင် အင်အားအသင့်အတင်နှင့် အင်အားအနည်းငယ် မြေငလျင် ၉ ကြိ်မ်| ဇွန်လတွင် အင်အားအတင့်အသင့်နှင့်အင်အားနည်း မြေငလျင် ၁၅ ကြိမ်၊ ဇူလိုင်လတွင် အင်အားအတင့်အသင့်နှင့် အင်အားနည်းမြေငလျင် ၇ ကြိမ်၊ သြဂုတ်လတွင် အင်အားအနည်းငယ်နှင့်အင်အားအတင့်အသင့် မြေငလျင် ၈ ကြိမ်နှင့် ယခုလတွင် အင်အားနည်း မြေငလျင် ၅ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။















