မန္တလေးသို့တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးအရွယ်စုံ ၂၄၆ ပိဿာကို သပိတ်ကျင်းမြို့နယ်တွင် သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့ကြောင်း တကောင်းနယ်မြေရဲစခန်းမှ စက်တင်ဘာ ၁၂ ရက်က သိရသည်။
မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ ချမ်းမြသာစည်မြို့နယ်နေ ကျော်ကျော်နိုင်(၃၄)နှစ်မောင်းနှင်လာသည့် အေဒီဗန်ကို တကောင်းနယ် မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းလမ်းဆုံတွင် စက်တင်ဘာ ၁၀ ရက် ည ၉ နာရီ မိနစ် ၅၀ အချိန်က တွေ့ရှိစစ်ဆေးခဲ့သည်။
အဆိုပါယာဉ်နောက်ဖုံးအတွင်းမှ ပီနံအိတ် ၁၀ အိတ်ဖြင့်ထည့်ထားသည့် ကျောက်စိမ်းတုံး အရွယ်စုံ စုစုပေါင်း (၂၄၆)ပိဿာ တရားမဝင်သယ်ဆောင်လာသည်ကို သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူ ပေးရန်တိုင်ကြားခဲ့သည်။ တကောင်းနယ်မြေ ရဲစခန်းက(ပ)၆၀/၁၈၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၂(က) အရ အရေးယူထားကြောင်း သတင်းရရှိသည်။

















