တရုတ်နိုင်ငံသားနှစ်ဦး ဖွင့်ထားသည့် ငါးဂိမ်းလောင်းကစားမှုအား ဖမ်းဆီး

တရုတ်နိုင်ငံသားနှစ်ဦး ဖွင့်ထားသည့် ငါးဂိမ်းလောင်းကစားမှုအား ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် ငါးဂိမ်းလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်ဆိုင်ရာက စက်တင်ဘာ ၁၁ ရက်တွင်ဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ ည ၁၁ နာရီအချိန် တွင်မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၉x၈၀ လမ်းကြားရှိ အိမ်အမှတ်(၁/၂) Xing Yi Anime City ကလေးကစားကွင်းအား ဝင်ရောက်ရှာဖွေခဲ့သည်။

အဆိုပါဆိုင်တွင် ငါးဂိမ်းစက်  ၃ လုံးဖြင့် ကြိုတင်ငွေဖြည့်ကဒ်များ အသုံးပြုလျက် ကွန်ပျူတာဖြင့် ထိန်းချုပ်ကာ အဆောက်အဦ တံခါးများပိတ်လျက် ငါးဂိမ်းလောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိသဖြင့် သက်ဆိုင်ရာက ရှာဖွေခဲ့သည်။ လောင်းကစား ဒိုင်အဖြစ် ဆောင်ရွက်သူ တရုတ်နိုင်ငံသား CAO FEIJUN ၃၂ နှစ်၊ တရုတ်နိုင်ငံသား YUAN DAOHUA ၅၀ နှစ်၊ လောင်းကစားပြုလုပ်သူနေသူ (၁၀)ဦး၊ စုစုပေါင်း ၁၂ ဦးတို့အား လောင်းကစားရာတွင် အသုံးပြုသည့်  ငါးဂိမ်းစက်ခုံ ၃ ခု၊ လောင်းကစားရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၁၆၀၄၀၅၀ဝ ကျပ်နှင့်အတူ  ဖမ်းဆီးရမိခဲ့သသောကြောင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။

မဟာအောင်မြေမြို့မရဲစခန်း(ပ)၆၈၃/၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့်အရေးယူထားသည်။