ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုနှင့်ပတ်သက်၍ သေဆုံးသူမိသားစုဝင်များက ကျေ အေးရုပ်သိမ်းလွှာတင်ခဲ့သည်ဆိုကာ စွဲချက်မတင်မီ အမှုမှလွှတ်ပေးခဲ့သည် ဆိုမှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးဥပဒေချုပ် ဦးဟန်ထူး အပါဝင် ဥပဒေအရာရှိ ၄ ဦးနှင့် သုဝဏ္ဏနယ်မြေရဲစခန်းမှူး တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေး ယူခဲ့ ကြောင်း ကော်မရှင်က စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်သည်။
ဇူလိုင်၂၅ ရက်တွင်ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၏ ရာဇဝတ်ကြီးမှုအမှတ် ၃၄/၁၈ ရာဇ သတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖြင့်ဖမ်းဆီးတရားစွဲဆိုခြင်းခံထားရသူ သန်းထွဋ်အောင် (ခ)သားကြီးပါ ၃ ဦးအပေါ် စွဲဆိုထားသည့် သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့် အမှုကိစ္စနှင့် ပတ်သက်၍ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုသည့်ကိစ္စနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက် ဖျက် ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ကျော်စောသတင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းချက်အရ တရားစွဲဆိုထားသည့် အမှုမှ တရားလိုပြသက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများကို ပြစ်မှုကျူး လွန်ကြောင်း၊ တရားလိုပြသက်သေများကထွက်ဆိုနိုင်ခြင်းမရှိဆိုသည့် အခြေအနေဖြစ်ပေါ် အောင်ဖန် တီးခဲ့ပြီး တရားခံများ၏ မိဘများထံမှလာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။
အဆိုပါရယူခဲ့မှုနှင့်စပ်လျဉ်း၍ ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေရုံးမှ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ် သစ်ခင်(ဥ/၂၃၉၀)၊ ဒေါ်သစ်သစ်ခင်၏တင်ပြချက်ကို ဆက်လက်စိစစ်ရာတွင် သေချာစွာစိစစ်ခြင်း မပြုဘဲ တရားခံသန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့်တံစိုး လက်ဆောင် များရယူကာ ထောက်ခံတင်ပြခဲ့သည့် ရန်ကုန် အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး(ဥ/၂၄၄၃)၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော် (ဥ/၁၈၄၆) တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိ လိုက် စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရလည်းကောင်းအမှုဖွင့်အရေးယူခဲ့သည်။
ထို့အပြင်ဒေါ်သစ်သစ်ခင်မှစတင်၍ အဆင့်ဆင့် စိစစ် တင်ပြလာသည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ်မိန့် ချမှတ်ရာတွင် ပြည့်စုံစွာ သုံးသပ်ခြင်း မပြုဘဲ တရားခံ သန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့် တံစိုးလက် ဆောင်များရယူကာ အမှုရုပ်သိမ်းခွင့် ချမှတ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ လည်းကောင်း၊ ဒေါ်သစ်သစ်ခင်က တင်ပြလာသည့် အမှုရုပ် သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ်ရာတွင် တရားခံသန်းထွဋ်အောင်၏ ဖခင် ဦးခင်မောင်လေးထံမှ လာဘ် ငွေရယူ ကာ အမှုကို ပြည့်စုံစွာ သုံးသပ် ခြင်းမပြုဘဲ အမှုရုပ်သိမ်းခွင့်ပြုပြီး တရားခံများကို တရားရှင် လွှတ်ခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင် ကြည် (တ/၂၄၃၇)အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆အရ လည်းကောင်း အမှုဖွင့် အရေးယူခဲ့သည်။
အမှုတွင် ရဲလုပ်ငန်းကုန်စင်အောင် ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် မိမိ၏ ရာထူးတာဝန်ကိုအလွဲသုံးစားပြုပီးတစ်စုံတစ်ရာကိုပြုလုပ်ရန်အတွက် တရားခံသန်းထွဋ်အောင် ၏ဖခင်ထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့သည်ဆိုကာ ရဲအုပ်ချစ်ကိုကို အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ လည်းကောင်း အရေး ယူ ဆောင်ရွက်ရန် သုဝဏ္ဏနယ်မြေရဲစခန်းတွင်ကော်မရှင်က အမှုဖွင့်တိုင်ကြားခဲ့ပြီး တရားစွဲဆို တင်ပို့ သွားမည်ဖြစ်ကြောင်းသိရသည်။

















