ကမ်းနားလမ်းရှိ စုပေါင်းရုံးအား တစ်နှစ်လျင် ကျပ်သန်း ၄၀၀ ဖြင့်ဌားရမ်းထားသော်လည်း ၂၀၁၇ ခုနှစ်မှစ၍ ပေးသွင်းခြင်းမရှိဟုဆို

ကမ်းနားလမ်းရှိ စုပေါင်းရုံးအား တစ်နှစ်လျင် ကျပ်သန်း ၄၀၀ ဖြင့်ဌားရမ်းထားသော်လည်း ၂၀၁၇ ခုနှစ်မှစ၍ ပေးသွင်းခြင်းမရှိဟုဆို

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ကမ်းနားလမ်းရှိ စုပေါင်းရုံးအား တစ်နှစ်လျှင် ကျပ်သန်း ၄၀၀ ဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာမှ စတင်၍ ဌားရမ်းခကို ပေးသွင်းရမည်ဖြစ်သော် လည်း ယခုချိန်ထိ ပေးသွင်းခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှကစက်တင်ဘာ ၁၄ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၆ - ၂၀၁၇ ခုဘဏ္ဍာရေးနှစ်စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာအား ရှင်းလင်းတင်ပြစဉ် ထည့်သွင်း ပြောဆိုသည်။

ထို့အပြင် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရန် ခေတ်မီ မီးအချက်ပြစနစ်တပ်ဆင်ခြင်းနှင့် ထိန်းချုပ်ရေးစင်တာ တည်ဆောက်ခြင်း လုပ်ငန်းအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ Myanmar Shwe Ying Internatiol Co, ltd & China Railwaay 21st Bureau Group Co , ltd နှင့် တန်ဖိုးကျပ် ၁၈ ဒသမ ၉၃၈ ဘီလီယံဖြင့် စာချုပ်ချုပ်ဆိုဆောင် ရွက်ခဲ့ရာ ယနေ့အချိန်ထိ ဒဏ်ကြေးကျပ် ၂၁ ဒသမ ၀၀၀ သန်း ရရှိထားပြီးဖြစ်သော်လည်း ဒဏ်ကြေး ဆက်လက်ပေးဆောင်ထားမှု မရှိခြင်းနှင့် လုပ်ငန်းပြီးစီးမှုမရှိသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။

၂၀၁၄ - ၂၀၁၅ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပံငွေများဖြင့် ဆောင်ရွက်ခဲ့သော တိုက်ကြီး - ဥတု - ချောင်းသုံးခွ - အဖျောက်လမ်းပေါ်ရှိ ဒုံဗျိုက်တံတား တည်ဆောက်ရေးလုပ်ငန်းတွင် တွက်ချက်မှုမှားယွင်းသဖြင့် ကျပ် ၈၂ ဒသမ ၆၂၆ သန်းနှင့် အင်လန်တံတား တည်ဆောက်ရေး လုပ်ငန်းတွင် ကျပ် ၂ ဒသမ ၃၂၇ သန်း ပြန်လည်ပေးသွင်းစေခဲ့သည့် ဖြစ်စဉ်များရှိသဖြင့် လုပ်ငန်းခန့်မှန်းခြေစာရင်း များရေးဆွဲရာတွင် မှန်ကန်စေရေးစီစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ဒေါ်ခင်သန်းလှက ရှင်းလင်းပြောဆိုသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း မြေနှင့်အဆောက်အအုံများ ဌားရမ်းခ စုစုပေါင်း ကျပ် ၇၁၃၄ ဒသမ ၄၄၀ သန်းရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး