ဝိုင်ဘီအက်စ်ယာဉ်လိုင်းများ ယနေ့အထိအရှုံးပေါ်နေဟုဆို

ဝိုင်ဘီအက်စ်ယာဉ်လိုင်းများ ယနေ့အထိအရှုံးပေါ်နေဟုဆို

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ်ဘီလီယံ ၇၀ ထည့်ဝင်ရင်းနှီး မြှုပ်နှံထားသော ဝိုင်ဘီအက်စ်ယာဉ်လိုင်းသည် ယနေ့ထိအရှုံးပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေး၌ ပြောဆို ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်သို့ရှင်းလင်းတင်ပြရာတွင် ၎င်းက ယင်းကဲ့ သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အရှုံ့းပေါ်

"ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင် သောကုမ္ပဏီလီမိတက်နဲ့ ရန်ကုန်မြို့ပြ အများ ပြည်သူသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ လီမိတက်တို့ရဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွက်စာရင်းများကို ပြင်ပစာရင်းစစ်များက စစ်ဆေးတွေ့ရှိထားပြီး၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်အတွက်တော့ ပြင်ပစာရင်းစစ်အဖွဲ့ဖြင့် စစ်ဆေးမှုမရှိသေးပါဘူး။ စစ်ဆေးအတည်ပြု ထားပြီး ဘဏ္ဍာရေးရှင်းတမ်းများနဲ့ သက်ဆိုင် ရာကုမ္ပဏီများကတင်ပြတဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နှစ်ချုပ်စာရင်းများအရ ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်မှာ ကျပ် ၁၉၀၂ ဒသမ ၅၂၀ သန်း၊

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ကျပ်၂၉၃၈ ဒသမ ၉၃၉ သန်းအရှုံးပေါ်ခဲ့ပါတယ်။ ရန်ကုန် မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီလီမိတက်ကတော့ ၂၀၁၆- -၂၀၁၇ ဘဏ္ဍာနှစ်မှာ ကျပ် ၂၅ ဒသမ ၅၄၁ သန်း အမြတ်ရရှိခဲ့သော်လည်း ၂၀၁၇-- ၂၁၀၈ ဘဏ္ဍာနှစ်မှာတော့ ကျပ် ၆၀၃ ဒသမ ဝ၇၉ သန်းအရှုံးပေါ်ခဲ့ကြောင်း တွေ့ရှိရပါတယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ငွေကြေးအကျိုး အမြတ်ရရှိမှုမရှိသေးကြောင်း၊ ရန်ကုန်တိုင်း အတွင်းရှိ ဒေသအသီးသီးမှ ခရီးသွားပြည်သူ များ စိတ်ချမ်းမြေ့လုံခြုံစွာ ခရီးသွားနိုင်ရေး၊ ဝန်ဆောင်မှု အရည်အသွေးကောင်းများ စဉ်ဆက်မပြတ်ပေးနိုင်ရေးတို့အတွက် ယာဉ် များကိုပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း၊ ကုမ္ပဏီအသီး သီး၏ယာဉ်လိုင်းများ ပိုမိုကောင်းမွန်ရေး၊ ခရီး သွားပြည်သူများ အဆင်ပြေရေး၊ လမ်းကြောင်း များတိုးချဲ့ပြေးဆွဲနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုအပေါ် ဆုံးရှုံးမှုနည်းပါးရေး၊ သင့်တင့်သည့်အကျိုး အမြတ်များရရှိရေးတို့ကို တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဖွဲ့စည်းခဲ့

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် အဖွဲ့ဝင် ၁၉ ဦးပါဝင်သော ရန်ကုန်တိုင်းဒေသ ကြီးအများပြည်သူသယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) အား ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရင်းနှီး ငွေထည့်ဝင်ထားသည့် အများပိုင်ကုမ္ပဏီနှစ်ခု အပါအဝင် ယာဉ်လိုင်း ၂၅ ခုက ယာဉ်စုစုပေါင်း ၆၂၇၂ စီးဖြင့် ပြေးဆွဲပေးလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး