လူကုန်ကူးမှုသည် လူ့အခွင့်အရေးချိုးဖောက်သောပြစ်မှုကြီးဖြစ် လူ့ဘောင်တစ်ရပ်လုံး၌ တာဝန်ရှိဟု မကွေးတိုင်းဝန်ကြီးချုပ်ဆို

လူကုန်ကူးမှုသည် လူ့အခွင့်အရေးချိုးဖောက်သောပြစ်မှုကြီးဖြစ် လူ့ဘောင်တစ်ရပ်လုံး၌ တာဝန်ရှိဟု မကွေးတိုင်းဝန်ကြီးချုပ်ဆို

လူကုန်ကူးမှုဆိုသည်မှာ လူ့အခွင့်အရေး ချိုးဖောက်သော ပြစ်မှုကြီးဖြစ်ခြင်းကြောင့် အစိုးရဌာနများတွင်သာ တာဝန်ရှိသည်မဟုတ် ဘဲ လူ့ဘောင်အဖွဲ့အစည်းကြီးတစ်ရပ်လုံး၌ ပါ တာဝန်ရှိကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

ပြောကြားခဲ့

စက်တင်ဘာ ၁၃ ရက်က မကွေးမြို့တော် ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ဝန်ကြီး ချုပ်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြန်လည်ဦးမော့လာ

အခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ၁၉၉၀ ပြည့်နှစ်ခန့်က စတင် ပြီး ဥရောပနှင့် ရုရှားတို့၌ လိင်ကုန်ကူးသည့် လူကုန်ကူးမှုများ ပြန်လည်ဦးမော့လာခြင်း ကြောင့် ၁၉၉၅ ခုနှစ်က ပေကျင်းတွင် ကျင်းပ သည့် ကမ္ဘာ့အမျိုးသမီးညီလာခံကြီးကနေ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များချမှတ်ရာ၌ အမျိုးသမီးနှင့်ကလေးသူ ငယ်များအား လူကုန်ကူးမှု တားဆီးကာကွယ် ရေးဆောင်ရွက်ရန် ထည့်သွင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၆ ခုနှစ်တွင် မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ကို ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့်လုပ်ငန်း များရေးဆွဲခဲ့ကြောင်း၊ တစ်ဆက်တည်းမှာပင် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ၂၀ဝ၁ ခုနှစ်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ရေးရာအဖွဲ့နှင့် ြှု့ဗဏ တို့ ပူးပေါင်းကာ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆွေးနွေးပွဲများ တွင် သင်တန်းများပါပေးခဲ့ကြောင်း၊ ၂၀ဝ၂ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးဆောင်သော လူမှောင်ခိုကူးမှု တားဆီး ကာကွယ်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်း ခဲ့ကာ တည်ဆဲဥပဒေများနှင့်အညီ လူကုန် ကူးမှုတိုက်ဖျက်ရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀ဝ၃ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် သြစတြေးလျ နိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာလက် မှတ်ရေးထိုးကာ အာရှဒေသတွင်း လူကုန် ကူးမှုတိုက်ဖျက်ရေးစီမံကိန်းကို ဒေသတွင်း လေးနိုင်ငံက စတင်ပူးပေါင်း ဆောင်ရွက်ခဲ့ ကြောင်း၊ ယင်းစီမံကိန်းကြောင့် ရဲအရာရှိ ၃၆ ဦးကို လူကုန်ကူးမှု စုံစမ်းစစ်ဆေးရေးသင် တန်းပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအထူးအဖွဲ့ကို စတင်ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ၂၀ဝ၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂနိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း တွင် အမျိုးသမီးနှင့်ကလေးသူငယ်များအား အထူးပြုသည့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာစာချုပ်နှင့် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့မှတစ်ဆင့် လူမှောင်ခိုမှုတိုက် ဖျက်ရေးဆိုင်ရာစာချုပ်များမှာ လက်မှတ် ရေးထိုးခဲ့ပြီး အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ ကြောင်း၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေကို ရေးဆွဲခဲ့ပြီး ၂၀ဝ၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ယင်း ဥပဒေပြဋ္ဌာန်းခဲ့သည့်ရက်ကို "လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့"အဖြစ်သတ်မှတ်ခဲ့ကြောင်း ပြောကြားသည်။

ပူးပေါင်းဆောင်ရွက်

လူကုန်ကူးမှုဆိုသည်မှာ မဖြစ်ပွားခင် ကြို တင်ကာကွယ်ရသကဲ့သို့ ဖြစ်လာပါကလည်း ကျူးလွန်သူကိုဖမ်းဆီး၍ ကျူးလွန်ခံရသူအား ကယ်တင်ကာ မိဘနေရပ်ပြန်လည်အပ်နှံပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မဖြစ် မနေလုပ်ဆောင်ရမည်ဖြစ်ခြင်းကြောင့် ဒေသ တွင်းရှိ လူမှုအဖွဲ့အစည်းများအားလုံး ပူးပေါင်း ဆောင်ရွက်လာရေး စည်းရုံးလှုံ့ဆော်ရန်လည်း လိုအပ်ကြောင်း၊ လူကုန်ကူးမှုဆိုသည်မှာ အစိုးရဌာနများ၌သာ တာဝန်ရှိသည်မဟုတ်ဘဲ လူ့ဘောင်အဖွဲ့အစည်းကြီးတစ်ရပ်လုံး၌ပါ တာဝန်ရှိကြောင်း ဝန်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး