ရန်ကုန်မြို့သစ်စီမံကိန်း ရင်းနှီးငွေအနက်မှ ကျပ် ၉၂ ဒသမ ၆၁၁ သန်း သုံးစွဲထားဟုဆို

ရန်ကုန်မြို့သစ်စီမံကိန်း ရင်းနှီးငွေအနက်မှ ကျပ် ၉၂ ဒသမ ၆၁၁ သန်း သုံးစွဲထားဟုဆို

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းမှာ ဝင်ငွေမရှိသေးဘဲ ရင်းနှီးမြှုပ်နှံငွေကျပ် ၁၀ ဘီလီယံထဲမှ အသုံး စရိတ် ကျပ် ၉၂ ဒသမ ၆၁၁ သန်းသုံးစွဲထား ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်း စစ်ချုပ်ဒေါ်ခင်သန်းလှက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၆–၂၀၁၇ ခုဘဏ္ဍာရေးနှစ်စစ်ဆေးတွေ့ ရှိချက် အစီရင်ခံစာအား စက်တင်ဘာ ၁၄ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းပြရာ၌ ၎င်းက ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။

ဝင်ငွေမရှိသေး

ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည် ဖော်ရန် New Yangon Development ကုမ္ပဏီအား အစိုးရက ၁၀ဝ ရာခိုင်နှုန်းပိုင် ဆိုင်သည့် ကုမ္ပဏီအဖြစ်ဖွဲ့စည်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထည့်ဝင်ရင်းနှီး ငွေကျပ် ၁၀ ဘီလီယံဖြင့်စီမံခန့်ခွဲဆောင်ရွက် လျက်ရှိကြောင်း၊ ယခုအချိန်ထိ ပြင်ပစာရင်း စစ်အဖွဲ့၏ စစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်မှု မရှိသေးသော်လည်း တင်ပြသည့်စာရင်းများ အရ ၂၀၁၈ ခုနှစ် ဧပြီအထိ ဝင်ငွေရရှိမှုမရှိ သေးဘဲ အသုံးစရိတ် စုစုပေါင်း ကျပ် ၉၂ ဒသမ ၆၁၁ သန်း သုံးစွဲထားပြီး လက်ကျန်ငွေ ကျပ် ၉၉၀၆ ဒသမ ၅၃၉ သန်းအနက် ကျပ် ၁၁ ဒသမ ၁၂၁ သန်းအား လက်ဝယ်ကိုင် ဆောင်ထားပြီး ကျန်ငွေများအား ဧရာဝတီ ဘဏ်နှင့် ကမ္ဘောဇဘဏ်တို့၌ အပ်နှံထား သည်ကို စစ်ဆေးတွေ့ရှိထားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပြဿနာများဖြေရှင်းနိုင်မည်

ရန်ကုန်မြို့သစ်စီမံကိန်းတွင် ယခင်အစိုး ရ၏ ကုမ္ပဏီများမဟုတ်ဘဲ ကုမ္ပဏီအသစ် များဖြင့် ဆောင်ရွက်ထားကြောင်း၊ ရန်ကုန် မြို့သစ်စီမံကိန်း တည်ဆောက်ခြင်းသည် ကျူးကျော်ပြဿနာများ၊ အလုပ်လက်မဲ့ပြဿ နာများ၊ ရေးပေးဝေမှုပြဿနာများ၊ လျှပ်စစ်မီး ပြဿနာများ၊ လမ်းပိတ်ဆို့မှုပြဿနာများ၊ မြေ ယာဈေးကြီးမှုပြဿနာများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်း အဝေး၌ ပြောဆိုထားသည်။

ဦးစားပေးစီမံကိန်းများ

ရန်ကုန်မြို့သစ်စီမံကိန်းများအနက် ပထမ ဦးစားပေးစီမံကိန်းမှာ လေးထောင့်ကန်စီမံ ကိန်း၊ ဒုတိယအနေဖြင့် သန်လျင်စီမံကိန်း၊ တတိယအနေဖြင့် ဒလစီမံကိန်း၊ စတုတ္တအနေ ဖြင့် ကြည့်မြင်တိုင်တစ်ဖက်ကမ်းစီမံကိန်း၊ ပဉ္စမအနေဖြင့် ထန်းတပင်စီမံကိန်း၊ ဆဋ္ဌမအ နေဖြင့်မှော်ဘီစီမံကိန်းနှင့် သတ္တမအနေဖြင့် လှည်းကူးစီမံကိန်းများဖော်ဆောင်သွားမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး