မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် ဖခင်ဖြစ်သူက သားမယားအဖြစ် အကြိမ်ကြိမ်ပြု ကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက စက်တင်ဘာ ၁၅ ရက်နေ့တွင် အရေးယူထားသည်။
အဆိုပါနေ့ ညနေ ၃ နာရီ၌ တုံးဗျောကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာနေ သမီးကြီးဖြစ်သူက သက်ဆိုင် ရာသို့တိုင်ကြားရာတွင် တစ်ရွာတည်းနေ ဖခင်ဖြစ်သူ ဦး---(၅၉ နှစ်)နှင့် မိခင်တို့ ရန်ဖြစ်သံကြားသဖြင့် အသက် ၁၃ နှစ်အရွယ် ညီမဖြစ်သူကို ခေါ်ယူမေးမြန်းခဲ့ကြောင်း၊ ဖခင်ဖြစ်သူက ညီမဖြစ်သူကို ၂၀၁၇ ခုနှစ် နိုဝင်ဘာမှစတင်ကာ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလနှင့် ဇွန်လတို့တွင် သားမယားအဖြစ်၃ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ထိုသို့ပြုကျင့်စဉ် အခြားသူများကို ပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့ကြောင်း သိရသည်။
တောင်ရှည်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

















