ဧရာဝတီယူနိုက်တက်နည်းပြချုပ်ရာထူးမှ ဦးကျော်လွင် အနားယူတော့မည် ယူ-၂၁ အသင်းကို ရာနှုန်းပြည့်အာရုံစိုက်လို၍ဖြစ်ကြောင်း ၎င်းက ဖွင့်ဟ

ဧရာဝတီယူနိုက်တက်နည်းပြချုပ်ရာထူးမှ ဦးကျော်လွင် အနားယူတော့မည် ယူ-၂၁ အသင်းကို ရာနှုန်းပြည့်အာရုံစိုက်လို၍ဖြစ်ကြောင်း ၎င်းက ဖွင့်ဟ

မြန်မာယူ--၂၁ လက်ရွေးစင်အသင်းကို ပြင်ဆင်ရာတွင် ရာနှုန်းပြည့်အာရုံစိုက်နိုင်ရန် အတွက် ယခုနှစ်ရာသီကုန်၌ ဧရာဝတီယူနိုက် တက်နည်းပြချုပ်ရာထူးမှ အနားယူတော့မည်ဟု ဦးကျော်လွင်က ဇွဲကပင်ယူနိုက်တက်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် ထုတ်ဖော်ပြောဆို ခဲ့သည်။

ပူးတွဲတာဝန်ယူ

ဦးကျော်လွင်သည် ဧရာဝတီယူနိုက်တက် နည်းပြချုပ်ရာထူးအပြင် မြန်မာယူ-၂၁လက်ရွေး စင်အသင်း လက်ထောက်နည်းပြအဖြစ်ပါပူးတွဲ တာဝန်ယူနေသူဖြစ်ပြီး နိုင်ငံ့လက်ရွေးစင်နှင့် ကလပ်အသင်း နှစ်သင်းစလုံးအပေါ်တွင် တာဝန်မကျေမည်ကို စိုးရိမ်သောကြောင့် ယခု ကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ "တရုတ်ဖိတ်ခေါ်ယူ--၂၁ပြိုင်ပွဲကပြန်လာ ပြီး စက်တင်ဘာ ၁၀ ရက်ကျမှ ကလပ်အသင်းနဲ့ ပြန်ပူးပေါင်းနိုင်တယ်။ ရက် ၂၀ လောက်က ကလပ်နဲ့ကင်းကွာခဲ့တယ်။ တာဝန်ကတော့ နှစ်ခုစလုံးပေးထားပေမယ့် နောက်ရာသီမှာ ကလပ်အသင်းရဲ့ ရလဒ်တွေ ဒီထက်ဆိုးတဲ့အခြေအနေမျိုးဖြစ်လာမှာကို ကျွန်တော်မလို လားပါဘူး။ အာရုံလည်းများတယ်။ စိတ်လည်း ပင်ပန်းတယ်။ ဒါကြောင့် ရာသီကုန်ကျရင် ကလပ်အသင်းနည်းပြချုပ်အဖြစ်က အနား ယူပြီး ယူ--၂၁အသင်းကိုပဲ ရာနှုန်းပြည့်အာရုံ စိုက်တော့မှာပါ"ဟု ဦးကျော်လွင်က ရှင်းပြခဲ့ သည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ယခု နှစ်ဘောလုံးရာသီတွင် နေရှင်နယ်လိဂ်ထိပ်ဆုံးလေးသင်းစာရင်းဝင်ရန် မျှော်လင့်ထားခဲ့ သော်လည်း ပြီးခဲ့သည့်စက်တင်ဘာ ၁၅ရက်က အိမ်ကွင်း၌ ဇွဲကပင်ယူနိုက်တက်ကို လေးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် မျှော်လင့် ချက်များ လက်လွှတ်ခဲ့ရသည်။ နေရှင်နယ်လိဂ် ပွဲစဉ်များပြီးဆုံးရန် လက်ကျန်တစ်ပွဲသာ ကျန်ရှိ တော့သည့်အချိန်တွင် အမှတ်ပေးဇယားအဆင့် ၄ နေရာမှ ဟံသာဝတီအသင်းမှာ ရမှတ် ၃၃ မှတ်ရရှိထားပြီး ဧရာဝတီယူနိုက်တက်မှာရမှတ် ၂၉ မှတ်သာရရှိထားသည်။

ကုန်ဆုံးမည်

ဧရာဝတီယူနိုက်တက်နှင့် နည်းပြချုပ် ဦး ကျော်လွင်တို့၏ စာချုပ်သက်တမ်းမှာ ယခုနှစ် ဒီဇင်ဘာတွင် ကုန်ဆုံးမည်ဖြစ်သည်။ ဦးကျော် လွင်သည် ၎င်း၏ ပရော်ဖက်ရှင်နယ်နည်းပြ ဘဝကို ၂၀ဝ၉ ခုနှစ်တွင် မကွေးအသင်း၌ လက်ထောက်နည်းပြအဖြစ်စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ရခိုင်ယူနိုက်တက်၊ ၂၀၁၄ ခုနှစ်တွင် နေပြည်တော်အသင်းနှင့် ၂၀၁၅ ခုနှစ်တွင် ဧရာဝတီယူနိုက်တက်အသင်းတို့၌ နည်းပြ တာဝန်များ ထမ်းဆောင်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး