တပ်ကုန်းမြို့ တိုးဂိတ်တွင် ခဲမဖြူ/အဖြိုက်နက်များသိမ်းဆည်းရမိ

တပ်ကုန်းမြို့ တိုးဂိတ်တွင် ခဲမဖြူ/အဖြိုက်နက်များသိမ်းဆည်းရမိ

တပ်ကုန်းမြို့ အေးရှေားဝေါလ်တိုးဂိတ်တွင် ၁၂ ဘီးကုန်တင်ယာဉ် ၂ စီးဖြင့် တင်ဆောင်လာသည့် ခဲမဖြူ/ အဖြိုက်နက် အမှုန့်များ သက်ဆိုင်ရာက သိမ်းဆည်းခဲ့ကြောင်း တပ်ကုန်းမြို့မရဲစခန်းမှ  သိရသည်။

စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် တပ်ကုန်းမြို့ အေးရှားဝေါလ် တိုးဂိတ် အနီး၌ ပျဉ်းမနားမှ တပ်ကုန်းမြို့သို့ ကျော်လှိုင်(၅၉)နှစ် တောင်ငူမြို့နေသူ မောင်းနှင်ပြီး အေးမင်း ပိုင်(၂၀)နှစ် လိုက်ပါလာသည့် ဖူဆို (၁၂)ဘီးယာဉ်ကို သက်ဆိုင်ရာပူးပေါင်း အဖွဲ့ဝင်များက ရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် မြွေရေခွံအိတ်များဖြင့် ထည့်ထားသည့် ခဲမဖြူ/အဖြိုက်နက်အမှုန့် ၃၀ဝ အိတ် ၁၅၀ဝ ကီလိုကိုလည်းကောင်း၊ညီညီအောင်(၃၆)နှစ် မောင်းနှင်ပြီး ကျော်ဆန်းလင်း(၁၇)နှစ် လိုက်ပါလာသည့် ဖူဆို (၁၂)ဘီး ယာဉ်ပေါ်တွင် မြွေရေခွံအိတ်များဖြင့် ထည့်ထားသည့် ခဲမဖြူ/အဖြိုက်နက် အမှုန့် ၃၀ဝ အိတ် ၁၅၀ဝ ကီလိုအားလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

၄င်းတို့ ၄ ဦးကို  တပ်ကုန်းမြို့မရဲစခန်း(ပ)၂၄၇/၁၈၊ (ပ)၂၄၆/၁၈ သတ္တုတွင်း ဥပဒေပုဒ်မ ၃၁ အရ အသီးသီး အမှုဖွင့်အရေးယူခဲ့ပြီး သိမ်းဆည်းရမိသည့် ခဲမဖြူ/အဖြိုက်နက်များကို အမှတ်(၂) သတ္တု တွင်းလုပ်ငန်း နေပြည်တော်သို့ လွှဲပြောင်းပေးအပ်ရန် ဆောင်ရွက်လျက်ရှိသည်။