ဘိုကလေးမြို့မရဲစခန်းအချုပ်ခန်းဖောက်ထွက်ပြေးသူ ၃ ဦးအနက် ထွက်ပြေးလွတ်မြောက်နေ သော အချုပ်သားကို လှိုင်သာယာ သောင်ကြီးနယ်မြေရဲစခန်း အပိုင်တွင် ဖမ်းမိ
စက်တင်ဘာ ၁၈ရက် နံနက် ၄ နာရီအချိန်ခန့်တွင် ဘိုကလေးရဲစခန်း အချုပ်မှထွက်ပြေးခဲ့သည့် အချုပ်သား (၃)ဦးအနက်မှ ထွက်ပြေးလွတ်မြောက်နေ သော အချုပ်သားတရားခံ လှနိုင်ဦး ၃၃ နှစ်ကို ညနေ ၄ နာရီခန့်တွင်ရန်ကုန်တိုင်းဒေသကြီးဂသောင်ကြီးရဲစခန်းအပိုင်တွင်ဖမ်းမိခဲ့သည်။
သက်ဆိုင်ရာက စစ်ဆေးချက်အရ ၎င်းတို့ ၃ ဦး အချုပ်ခန်းဖောက်၍ ဘိုကလေး -မော်ကျွန်းကာလမ်းအတိုင်းထွက်ပြေးလာခဲ့စဉ် လမ်းပေါ်ရှိ ဆိုင်ကယ်မောင်းနှင်လာသူကို ရိုက်နှက်ကာ ဆိုင်ကယ်လုယက်၍မော်လမြိုင်ကျွန်းဘက်သို့ထွက်ပြေးခဲ့ကြကြောင်း သိရသည်။
နံနက် ၈နာရီအချိန်ခန့်တွင် အချုပ်သား (၃)ဦးအနက် မှ ဖိုးဖြူ (ခ)နန္ဒအောင်နှင့် အာကာဂျူးတို့ အား မအူပင်မြို့နယ်ရေလဲကလေးကျေးရွာမိုးမခချောင်းလှေဆိပ်အနီးတွင်ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။

















