ထီလက်မှတ်ကို အကြွေးစနစ်ဖြင့် အဆင့်ဆင့်ဝယ်ယူရောင်းချ ရခြင်းကြောင့် ထီဈေးနှုန်းမြင့်မားဟု ရန်ကုန်တိုင်းဝန်ကြီး ပြောဆို

ထီလက်မှတ်ကို အကြွေးစနစ်ဖြင့် အဆင့်ဆင့်ဝယ်ယူရောင်းချ ရခြင်းကြောင့် ထီဈေးနှုန်းမြင့်မားဟု ရန်ကုန်တိုင်းဝန်ကြီး ပြောဆို

အောင်ဘာလေထီလက်မှတ်များကို ထီဆိုင်များက ငွေရေးကြေး ရေးအရ ဌာနခွဲ၌ တိုက်ရိုက်ဝယ်ယူနိုင်ခြင်းမရှိသည့်အတွက် အြွေကး စနစ်များဖြင့် အဆင့်ဆင့်ဝ ယ်ယူရောင်းချခြင်းကြောင့် ထီဆိုင်အဆင့် ဆင့်ကြားအမြတ်တင်ခြင်း၊ ငွေကြေးပြဿနာများဖြစ်ပေါ်လာခြင်း ကြောင့် ထီဈေးနှုန်းမြင့်မားရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက စက်တင်ဘာ ၁၉ ရက်၌ ပြောဆိုသည်။

ပြန်လည်ဖြေဆို

ထီလက်မှတ်ဈေးနှုန်း၊ ရောင်းရငွေ၊ အမြတ်ခွန်ငွေစည်းကြပ် ကောက်ခံမှုတို့နှင့်ပတ်သက်၍ မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ မေးမြန်း မှုကို ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"ထီကံစမ်းတဲ့သူတွေက မည်သည့်အက္ခရာ၊ မည်သည့်ကဏန်း၊ မည်သည့်အတွဲစသည်ဖြင့် အစွဲအလမ်းတွေထားပြီးတော့ ကံစမ်းလာ ကြတော့ ထီဆိုင်တွေက ဈေးကွက်ရဲ့ သဘောသဘာဝကို စိတ်ဝင် စားမှုရှိရင် အက္ခရာတွေဂဏန်းတွေကို စုစည်းပြီး ရောင်းချလာတယ်။ ဝယ်သူအကြိုက်ဝန်ဆောင်မှုပေးတဲ့အတွက်ကြောင့် ထီဈေးနှုန်းက မြင့်မားရတာဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေးတတ်နိုင်တဲ့လုပ်ငန်းရှင် တွေက အက္ခရာ၊ ဂဏန်းတွေ ပိုမိုစုစည်းနိုင်ပြီးတော့ ငွေကြေးမတတ် နိုင်တဲ့ထီဆိုင်တွေက အပ်ငွေစနစ်နဲ့ရောင်းချပြီး ပေးရတဲ့စနစ်ကြောင့် ထီဈေးနှုန်းက မြင့်မားလာတာဖြစ်ပါတယ်"ဟု ဝန်ကြီးက ပြောဆိုသည်။

အောင်ဘာလေသိန်းဆုလုပ်ငန်းသည် ၁၉၃၈ ခုနှစ်က စတင်ဆောင် ရွက်ခဲ့သော်လည်း ယခုချိန်အထိ အောင်ဘာလေထီဥပဒေပြဋ္ဌာန်း နိုင်ခြင်းလည်း မရှိသေးကြောင်း၊ အောင်ဘာလေသိန်းဆုဌာန၏ ညွှန် ကြားချက်နှင့် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ အောင်ဘာလေ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ပြင်ဆင်လျက်ရှိရာ ဥပဒေပြဋ္ဌာန်းပြီး ပါက သတ်မှတ်ဈေးနှုန်း၊ နှစ်သက်ရာ ရွေးချယ်ကံစမ်းနိုင်သည့်စနစ် လည်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ထီစာအုပ်လစဉ် ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ် ရေလေးသောင်းခန့်မှ ရောင်းချငွေမှာ ကျပ်သန်းပေါင်း ၂၀ဝ ခန့်ရှိပြီး လစဉ်သန်း ၂၀ဝ ထဲမှ ရာခိုင်နှုန်း ၆၀ ကို အောင်ဘာလေသိန်းဆုအဖြစ် ဖောက် ပေးကာကျန်သည့် ရာခိုင်နှုန်း ၄၀ သည် အောင်ဘာလေဌာနမှ နိုင်ငံတော်ကို အခွန်ငွေ သန်းပေါင်း ၈၀ ပေးဆောင်ရကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဝင်ငွေခွန်

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ထီလက်မှတ်များ ဖြန့်ဖြူး ရောင်းချသည့် ထီဆိုင်ကြီး၊ လက်လီ/လက်ကားများမှ နှစ်စဉ်ပျမ်းမျှ ကျပ်သိန်း ၃၀ဝ ကျော်ခန့် ဝင်ငွေခွန်ကောက်ခံရရှိထားကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၃၂ ဒသမ ၉ သန်း၊ ၂၀၁၇--၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃၅ ဒသမ ၄၄ သန်း၊ ၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃ ဒသမ ၂၃ သန်း ကောက်ခံရရှိကြောင်း၊ ငွေစုစုပေါင်း ကျပ် ၂၅၉ ဒသမ ၇၀၈ သန်းခန့်ရရှိပြီးဖြစ်ကြောင်း ဦးမြင့်သောင်းက ပြော ဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး