လက်နက်ကိုင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည် မူးယစ်ဆေးဝါးနှင့် ဆက်စပ်နေသည့် အခြေအနေရှိနေဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပြော

လက်နက်ကိုင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည် မူးယစ်ဆေးဝါးနှင့် ဆက်စပ်နေသည့် အခြေအနေရှိနေဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပြော

နယ်စပ်ဒေသများတွင် လက်နက်ကိုင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည်မူးယစ်ဆေးဝါးနှင့်ဆက်စပ်နေသည့် အခြေအနေ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာ ၂၀ ရက်တွင် တိုင်းဒေသကြီးအဆင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒ ရှင်းလင်းပွဲကို ရန်ကုန်မြို့ ၊ကမာရွတ်မြို့နယ်၊ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်း အမှတ်ပြတိုက်၌ ကျင်းပခဲ့ရာ၌ ထည့်သွင်းပြောဆိုခဲ့သည်။

" ဒီမူးယစ်ဆေးဝါးတွေကြောင့် ပြည်သူတွေက ဒုက္ခရောက်တယ်။ လူငယ်မျိုးဆက်တွေ ဒုက္ခရောက်တယ်။ မူးယစ်ဆေးဝါးကြောင့် ပေါ်လာတဲ့ လက်နက်ကိုင်စစ်ပွဲတွေက လူထုကို ဒုက္ခရောက်နိုင်တဲ့ အခြေအနေတွေရှိတယ်။ ဒီအဆိုး သံသရာထဲက ရုန်းထွက်နိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ အခုချမှတ်မယ့် မူဝါဒတွေအပေါ်က နေပြီးတော့ ဒီစီမံကိန်းကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပါလို့ပြောလိုပါတယ် " ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

လွန်ခဲ့သော (၅)နှစ်ကာလခန့်နှင့် ယနေ့အချိန်တွင် မူးယစ်ဆေးဝါးအန္တရာယ်သည် ရာခိုင်နှုန်းအားဖြင့် မြင့်တက်လာခဲ့ကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားအလို့ငှာ ယင်းအခြေအနေ များကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ လူငယ်များကြားတွင် မူးယစ်ဆေးဝါး သုံးစွဲနေမှု၊ ဖြန့်ချိန်မှု၊ ရောင်းချနေမှုများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒတစ်ရပ်ကို နိုင်ငံတော်မှ ကြိုးပမ်းထားသည်ကို ဝမ်းမြောက်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။

“ တိုင်းအတွင်းမှာ အခုဆောင်ရွက်မယ့် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒနဲ့အညီ စီမံကိန်းဆောင်ရွက်တဲ့ နေရာမှာ ၂၀၁၉-၂၀၂၀ နှစ်နှစ်ကို စတင်ဆောင်ရွက်ဖို့အတွက် သက်ဆိုင် ရာဌာန အသီးသီးကနေ ရှင်းလင်းတင်ပြမယ့် အခြေအနေတွေကို သေသေချာချာနားထောင်ပြီး ပြင်ဆင်ဆောင်ရွက်ဖို့ လိုအပ်မယ်။ ဒါတွေကိုလုပ်တဲ့နေရာမှာ ပြည်သူလူထု ပူးပေါင်းပါဝင်မှုတွေ ဌာနဆိုင်ရာနဲ့ ဆက်နွယ်နေတဲ့ ဌာနဆိုင်ရာ အသီးသီးရဲ့ ပံ့ပိုးကူညီမှုတွေကို မဖြစ်မနေလို အပ်ပါတယ်။’’ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး