ရန်ကုန်-အိမ်မဲကားလမ်းပေါ်တွင် ခရီးသည်တင်ယာဉ် ထန်းပင်ဝင်တိုက်မိရာက၂၂ ဦး ဒဏ်ရာရ

ရန်ကုန်-အိမ်မဲကားလမ်းပေါ်တွင် ခရီးသည်တင်ယာဉ် ထန်းပင်ဝင်တိုက်မိရာက၂၂ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး ရန်ကုန် အိမ်မဲကားလမ်းပေါ်တွင် စက်တင်ဘာ ၁၉ ရက်က ခရီးသည်တင်ယာဉ်တစ်စီး  အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ထန်းပင်ကို တိုက်မိရာက ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။

အဆိုပါနေ့ နံနက် ၁၁ နာရီ ၄၀ အချိန်ခန့်တွင် အိမ်မဲမြို့ ရန်ကုန်-အိမ်မဲ-မြောင်းမြ ကားလမ်း မိုင်တိုင်(၆၃/၇)နှင့် (၆၄/ဝ) ကြား ရွာသစ်ကျေးရွာ၌  ခရီးသည် ၃၀ ဦး လိုက်ပါလာသည့် ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ရှိ ထန်းပင်ကိုတိုက်မိခဲ့သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် အသက် ၃၆ နှစ်အရွယ် ခရီးသည်အမျိုးသားတွင် ယာလည်ပင်းပြတ်ရှ ဒဏ်ရာ တစ် ချက်(စိုးရိမ်ရ)နှင့် အခြားခရီးသည် ၂၁ ဦးတို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်စဉ် ယာဉ်ကိုထားကာထွက်ပြေးသွားခဲ့သည်။

အိမ်မဲမြို့မရဲစခန်းက ယာဉ်(ပ) ၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/၂၀၂ အရ အသီးသီးအမှုဖွင့် စစ်ဆေးလျက်ရှိသည်။