ရန်ကုန်-မန္တလေးလမ်း - ရန်ကုန် ရထားလမ်းအား စက်တင်ဘာ ၂၁ ရက်တွင် ပြန်လည်ပြေးဆွဲမည်

ရန်ကုန်-မန္တလေးလမ်း - ရန်ကုန် ရထားလမ်းအား စက်တင်ဘာ ၂၁ ရက်တွင် ပြန်လည်ပြေးဆွဲမည်

သြဂုတ် ၂၉ ရက်မှစတင် ရပ်နားခဲ့သည့် ရန်ကုန် - မန္တလေး - ရန်ကုန် ရထားလမ်းပိုင်းကို စက်တင်ဘာ ၂၁ ရက်မှ စတင်ပြီး ပုံမှန်ခရီးစဉ်လမ်းကြောင်းအတိုင်းပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း(၇) မန်နေဂျာဦးဇော်လွင်က စက်တင်ဘာ ၂၀ ရက်၌ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ်တွင် သြဂုတ် ၂၉ ရက်၌ ဆွာချောင်းရေကြီးမှုဖြစ်ခဲ့ဖြင့် ရေတာရှည်-ကုန်းကြီး- ဆွာ ရထားလမ်းပိုင်း ပိတ်ဆို့ထားခဲ့ရာ၌ ယခုအခါတွင် လမ်းများပုံမှန်ကောင်းမွန်လာမှုကြောင့် ရန်ကုန်- မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲနေသော ရထားအားလုံးကို ပုံမှန် အချိန်စာရင်းအတိုင်း ပြန်လည် ပြေးဆွဲပေးသွားမည်ဖြစ်သည်။

" လမ်းတွေပုံမှန်ကောင်းသွားပြီဖြစ်တဲ့အတွက် ရန်ကုန် - မန္တလေး - ရန်ကုန် ပြေးဆွဲနေတဲ့ ရထားတွေအားလုံးကို စက်တင်ဘာ ၂၁ ရက်ကစပြီးတော့ ပုံမှန်ခရီးစဉ်အတိုင်းပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ် " ဟု ၎င်းကပြောဆိုသည်။

ရန်ကုန်ဘူတာကြီးမှ မန္တလေးသို့ ထွက်ခွာပေးမည့်ရထားများအနေဖြင့်  မနက်၄နာရီတွင် အမှတ် ၁အဆန်စာပို့ရထား မနက်၆နာရီတွင်အမှတ် ၁၁အဆန်အမြန်ရထား ညနေ ၃နာရီတွင် အမှတ် ၅အဆန်အမြန်ရထား ညနေ ၅နာရီတွင် အမှတ်၃အဆန်ရထားတို့ ဖြင့် ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်သည်။

ရန်ကုန်မှ သာစည်သို့ အမှတ် ၉အဆန်ရထားသည် မနက် ၁၁နာရီတွင်လည်းကောင်း နေပြည်တော်ဘူတာသို့ မနက် ၈နာရီတွင် အမှတ်၃၁အဆန်အမြန်ရထားနှင့် ည၉နာရီတွင် အမှတ် ရအဆန်အမြန်ရထားများကို ထွက်ခွာပေးသွားမည်ဖြစ်သည်။

ခရီးသွားပြည်သူများ ရန်ကုန်ဘူတာကြီး၌ ရထားလက်မှတ် လွယ်ကူစွာ ဝယ်ယူနိုင်ရေးအတွက် မြန်မာ့မီးရထား တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်ပေး သွားမည်ဖြစ်သကဲ့သို့ ခရီးသွားပြည်သူများ လုံခြုံရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်ထားကြောင်း ၊ ခရီးသည်များ၏ တစ်ပိုင်တစ်နိုင် ပစ္စည်းများကို သယ်ယူမှုလွယ်ကူစေရေးအတွက် လက်တွန်းလှည်း(၂၅)စီးကိုလည်း အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်းလည်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး