ရန်ကုန်တိုင်းအတွင်း စားကျက်မြေများပေါ် ကျူးကျော်ပါက ဥပဒေနှင့်အညီအရေးယူမည်ဟုဆို

ရန်ကုန်တိုင်းအတွင်း စားကျက်မြေများပေါ် ကျူးကျော်ပါက ဥပဒေနှင့်အညီအရေးယူမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စား ကျက်မြေများပေါ်တွင် ပုဂ္ဂလိကကိုယ်ကျိုး စီးပွားအတွက် တရားမဝင်ကျူးကျော်အသုံး ပြုမှုများရှိလာပါက ဥပဒေနှင့်အညီ အရေး ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး အောင်စိုးမိုးက စက်တင်ဘာ ၂၀ ရက် တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းဝေး၌ ပြော ဆိုသည်။

မည်သို့အရေးယူမည်

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် အတွင်းရှိ စားကျက်မြေပေါ်တွင် အိမ်ကွက် ရိုက် ရောင်းစားနေခြင်းသည် တရားဝင်ပါ သလား၊ အိမ်ကွက်ရိုက်ရောင်းစားနေသူများအား မည်သို့အရေးယူဆောင်ရွက်မည်ကို သိရှိ လိုကြောင်း မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာအေး၏ မေးမြန်းမှု ကို ပြန်လည်ဖြေကြားရာ၌ ယင်းသို့ထည့်သွင်း ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"ကော့မှူးမြို့နယ်အတွင်းရှိ စားကျက် မြေပေါ်မှာ အိမ်ကွက်ရိုက်ရောင်းချနေခြင်းက တရားမဝင်ပါဘူး။ ကော့မှူးမြို့နယ်အတွင်း စားကျက်မြေပေါ်မှာခွင့်ပြုချက်မရှိဘဲ အသုံး ပြုနေမှုများနဲ့ပတ်သက်ပြီး မဆယ်ဆိပ်ကျေး ရွာ အုပ်စုနေ ဦးစံလွင်နဲ့ ညောင်ကုန်းကျေးရွာ နေ ဦးဝင်းဆိုင်တို့နှစ်ဦးတို့ကို ၁၈၇၆ ခုနှစ် အောက် မြန်မာနိုင်ငံတော်မြေနှင့် အခွန်နည်း ဥပဒေ (၅၂)အရ စားကျက်မြေအတွင်းမှ ဖယ် ရှားပေးရန် သတိပေးစာသုံးကြိမ်ထုတ်ပြန်ပြီး သော်လည်း လိုက်နာမှုမရှိတဲ့အတွက် အောက် မြန်မာနိုင်ငံတော် မြေနှင့်အခွန်နည်းဥပဒေ (၆၉) အရ အရေးယူဆောင်ရွက်နိုင်ရန် စက် တင်ဘာ ၆ ရက်က ကော့မှူးမြို့နယ် တရားရုံး မှာ အမှုအမှတ် ၅၁၀/၂၀၁၇ ဖြင့် တရားစွဲဆို ထားပါတယ်"ဟု ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး