ဝိုင်ဘီအက်စ်ယာဉ်များဝယ်ယူရန် ဧရာဝတီဘဏ်မှ ကျပ်ရှစ်ဘီလီယံချေးယူမှု ရန်ကုန်တိုင်းလွှတ်တော်ခွင့်ပြုချက်မယူခဲ့ဟုဆို

ဝိုင်ဘီအက်စ်ယာဉ်များဝယ်ယူရန် ဧရာဝတီဘဏ်မှ ကျပ်ရှစ်ဘီလီယံချေးယူမှု ရန်ကုန်တိုင်းလွှတ်တော်ခွင့်ပြုချက်မယူခဲ့ဟုဆို

ဝိုင်ဘီအက်စ်ယာဉ်များဝယ်ယူရန်  ဧရာဝတီ ဘဏ်မှ ကျပ်ရှစ်ဘီလီယံချေးယူမှု ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်၏ ခွင့်ပြုချက်ရယူခြင်းမရှိခဲ့ ကြောင်း ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက စက်တင်ဘာ ၂၁ ရက်၌ ပြောဆိုသည်။

ထောက်ပြဆွေးနွေးမည်

ယင်းသို့ချေးငွေရယူရာတွင် မည်သည့် အပေးအယူဖြင့်ချေးငွေရယူထားပြီး မည်သို့ ပြန်ဆပ်မည့်ကိစ္စကိုထပ်မံပြုလုပ်မည့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ထောက်ပြဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

"ဝိုင်ဘီအက်စ်ယာဉ်တွေဝယ်ယူဖို့အတွက် ဧရာဝတီဘဏ်က ကျပ်ရှစ်ဘီလီယံချေးငွေ ယူတာကို အစိုးရက ကျွန်တော်တို့တိုင်းလွှတ် တော်ရဲ့ ခွင့်ပြုချက်မယူဘူး။ ဘယ်လိုအပေး အယူနဲ့ချေးတာလဲ။ အတိုးဘယ်လောက်နဲ့ ချေးတာလဲ။ အခုယာဉ်တွေဝယ်ထားလို့ အရှုံး ပေါ်နေပြီ။ အဲဒီရှစ်ဘီလီယံကို ဘယ်လိုပြန်ပြီး ဆပ်မှာလဲ။ အဲဒါတွေကို ထောက်ပြဆွေးနွေး သွားမှာပါ"ဟု ၎င်းက ပြောဆိုသည်။

ငါးနှစ်ပင်ခံနိုင်ရန်မလွယ်

ဝိုင်ဘီအက်စ်ယာဉ်များသည် ရှစ်နှစ်သက် တမ်းဟုသတ်မှတ်ထားသော်လည်း ယခုအတိုင်း သာပြေးဆွဲနေပါက ငါးနှစ်ပင်ခံနိုင်ရန် မလွယ် ကူကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

"အခုအတိုင်းသာ ယာဉ်တွေပြေးနေရင် ရှစ်နှစ်မပြောနဲ့။ ငါးနှစ်တောင်မခံနိုင်ဘူး။ ရှစ်နှစ်အသုံးပြုပြီးမှ မြတ်နိုင်တဲ့အနေအထား ပြောနေတာ။  ကျွန်တော်တို့က ကျပ်ဘီလီယံ ၇၀ အသုံးပြုထားတယ်။ သို့သော်လည်း အမြတ်က ပေါ်နိုင်မယ့်အနေအထားမျိုးမရှိ ဘူ။ ဒါတွေက ပြည်သူ့ငွေဖြစ်နေတယ်။ ကျပ် ဘီလီယံ ၇၀ ကို ဘဏ်မှာထည့်ထားရင်တောင် အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ရနေပြီ။ ဒါ ကြောင့် အနည်းဆုံး ဘဏ်တိုးလောက်ကို မြတ်ကိုမြတ်ရမှာပေါ့။ ကျွန်တော်က အဲဒါတွေ ကိုထောက်ပြသွားမှာပါ"ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မလုံလောက်၍ချေးယူ

ရန်ကုန်ဘတ်စ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အမည်ဖြင့် တရုတ်နိုင်ငံထုတ် ဘတ်စ်ကားအသစ်စီးရေ ၁၀ဝ၀ ဝယ်ယူရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တရုတ် နိုင်ငံအစိုးရအချင်းချင်းညှိနှိုင်းချက်အရ တစ် စီးလျှင် ကျပ် ၇၇ သန်းနှုန်းဖြင့်ဝယ်ယူခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ထည့်ဝင်ငွေကျပ် ကျပ်ဘီလီယံ ၇၀ ဖြင့် လုံလောက်မှုမရှိသဖြင့် ဧရာဝတီဘဏ်မှ ကျပ်ရှစ်ဘီလီယံ ထပ်မံချေး ကာ ဝယ်ယူခဲ့ပြီး ရန်ကုန်ဘတ်စ်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့် ရန်ကုန် မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီလီမိတက်တို့က စီးရေ ၅၀ဝ စီခွဲဝေတာဝန်ယူထားခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏အစီရင်ခံစာ အရ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး