အင်းစိန်တွင် လူနေအိမ်များအကြား နွားမွေးမြူရေးခြံများ ယခုလကုန်နောက်ဆုံးထားဖယ်ရှားရန် အကြောင်းကြားထား

အင်းစိန်တွင် လူနေအိမ်များအကြား နွားမွေးမြူရေးခြံများ ယခုလကုန်နောက်ဆုံးထားဖယ်ရှားရန် အကြောင်းကြားထား

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရပ်ကွက် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်အနီး လူနေအိမ်များ အကြား စီးပွားဖြစ်မွေးမြူထားသော နွားခြံ များကို  ယခုလကုန်  နောက်ဆုံးထားဖယ် ရှားရန် အကြောင်းကြားစာပေးပို့ထားပြီး သတ် မှတ်ရက် ကျော်လွန်ပါက တည်ဆဲဥပဒေများ ဖြင့် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေး၌ ပြောဆိုခဲ့သည်။

ဖယ်ရှားရန်ရှိမရှိ
ယင်းသို့ စီးပွားဖြစ်မွေးမြူထားသော နွားခြံ များကို အမြန်ဆုံး ဖယ်ရှားပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိမရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဖယ်ရှားပေးမည်၊ အစီအစဉ်မရှိပါက အဘယ်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း အင်းစိန် မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ် ဦးသာအောင်၏ မေးမြန်းမှုအပေါ် ရန်ကုန် မြို့တော်ဝန်က ပြန်လည်ဖြေကြားရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကွင်းဆင်းစစ်ဆေး
ပတ်ဝန်းကျင်ညစ်ညမ်းမှုများအပေါ် တိုင် ကြားချက်အရ အဆိုပါမွေးမြူရေး ခြံများအား ဇွန် ၁၂ ရက်က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
စည်းကမ်းချက်နှင့်အညီလုပ်ရန်
"ကွင်းဆင်းစစ်ဆေးတဲ့အခါ ပတ်ဝန်း ကျင် ညစ်ညမ်းမှု မရှိပေမယ့် မိုးရေနဲ့ရေစီးဆင်း ရာ အနိမ့်ပိုင်းရပ်ကွက်နဲ့ လူနေရပ်ကွက်တွေ မှာ ခြံဝင်းတွေအထိပါ အညစ်အကြေးနဲ့ ရေ တွေပါလာတဲ့အတွက် နွားခြံကိုသန့်ရှင်းကောင်း မွန်အောင်လုပ်ဖို့၊ အညစ်အကြေးတွေ ပတ်ဝန်း ကျင်ကိုမထိခိုက်ဖို့၊ နောက်ကျင်းတူးပြီးတော့ စွန့်ပစ်ဖို့၊ ရေနုတ်မြောင်းအတွင်း မစွန့်ပစ် ဖို့နဲ့ မွေးမြူရေးလိုင်စင်ကိုပါ စည်းကမ်းချက် အတိုင်း ဆောင်ရွက်ဖို့ညွှန်ကြားခဲ့ပါတယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
နောက်ဆုံးထားပြောင်းရွှေ့
သို့သော် ညွှန်ကြားချက်များကို လိုက်နာ ခြင်းမရှိသည့်အတွက် နွားမွေးခြံပိုင်ရှင်များ အားခေါ်ယူတွေ့ဆုံပြီး စက်တင်ဘာလကုန် တွင်  နောက်ဆုံးထားပြောင်းရွှေ့ရန် ညွှန်ကြား ခဲ့ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ရက်ထက်ကျော် လွန်ပါက စိစစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၏ တည်ဆဲဥပဒေများနှင့် အညီ နွားမွေးမြူရေးခြံအားလုံး ပြောင်းရွှေ့ သွားသည်အထိ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ပြောဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး