လားရှိုးမြို့နယ်တွင် ၁၂ ဘီးယာဉ်ဖြင့် သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုဆေးဝါးများ ဖမ်းမိ

လားရှိုးမြို့နယ်တွင် ၁၂ ဘီးယာဉ်ဖြင့် သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုဆေးဝါးများ ဖမ်းမိ

လားရှိုးမြို့နယ်တွင် ၁၂ ဘီးယာဉ်ဖြင့်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုဆေးဝါးများကို သက်ဆိုင်ရာက စက်တင်ဘာ ၂၀ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ 

အဆိုပါနေ့ ည ၈ နာရီခွဲအချိန် လားရှိုးမြို့မှ မိုင်းရယ် မြို့သို့ မောင်းနှင်လာသည့် FUSO အမျိုးအစား (၁၂)ဘီးမော်တော်ယာဉ်ကို နမ္မဘောဒကျေးရွာရှိ နမ္မဘောဒတံတားအရောက် နမ့်ပေါင် ရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တားဆီးရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေစဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ယာဉ်၏နောက်ပိုင်းတွင် ရေသန့်ဘူး၊ စက္ကူလိပ်များဖြင့်ကာလျက် မြေဆီအိတ်များဖြင့် ဖုံးအုပ်ထား သည့် ပလတ်စတစ်ပုံး ၁၄၀ ပုံးဖြင့်ထည့်လျက် ANTHRANILIC ACID ၂၈၀ဝ လီတာ၊ TOLUENE ၄၆၀ဝ လီတာ၊ 1-PHENYL-2-PROPANONE ၄၀ဝ လီတာတို့ထည့်ထားသည့် သံပီပါအလုံး ၃၀လုံး၊ N-ACETYLANTHRANIC ACID ၁၀ဝ၀ လီတာ၊ လေအိုး ၂၀ လုံးနှင့် မြေဆီအိတ် ၆၀ အိတ်တို့ကို သိမ်းဆည်းရမိခဲ့သည်။

အရေးယူပေးရန်တိုင်ကြားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ နှင့်ပစ္စည်းပိုင်ရှင်တို့ကို ဆက်လက်စုံစမ်းလျက်ရှိသည်။