မုတ်သုံလေ ဆုတ်ခွာချိန်၌ မိုးကြိုးပစ်ခြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်တတ်ကြောင်း ဒေါက်တာထွန်းလွင်ပြော

မုတ်သုံလေ ဆုတ်ခွာချိန်၌ မိုးကြိုးပစ်ခြင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်တတ်ကြောင်း ဒေါက်တာထွန်းလွင်ပြော

မုတ်သုံလေဆုတ်ခွာနေစဉ်ကာလတွင် မွန်းလွဲ၊ညနေပိုင်းနှင့် ညပိုင်းများ၌ မိုးတိမ်တောင်များဖြစ်ပေါ်တတ်ပြီး မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ နေရာကွက်မိုးသည်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ ရံဖန်ရံခါ လေဆင်နှာမောင်းနှင့် စိုက်ဆင်းလေပြင်းများပါ တိုက်ခတ်တတ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောကြားထားသည်။ 

အဆိုပါဖြစ်စဉ်များသည် မုတ်သုံလေဆုတ်ခွာပြီး တစ်ပတ်ခန့် အကြာလောက်မှ တဖြည်းဖြည်းလျော့နည်းသွားတတ်သည်ဟုလည်း ၎င်းက ပြောထားသည်။

မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်း၌ စက်တင်ဘာ ၁၅ ရက်က ဆုတ်ခွာခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် စက်တင်ဘာ ၂၀ ရက်ကလည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသတွင် စက်တင်ဘာ(၂၅)ရက်ခန့်တွင် လည်းကောင်း၊ မြန်မာနိုင်ငံတောင်ပိုင်းတွင် အောက်တိုဘာလဆန်းခန့်တွင်လည်းကောင်း မုတ်သုံလေများ ဆုတ်ခွာမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး