သဘာဝပတ်ဝန်းကျင်အပေါ် ဝန်မပိသောညီညွတ်မျှတ စားသောက်ကုန်များဆိုင်ရာဥပဒေများ ပိုတင်းကျပ်ရန် ဆွစ်ဇာလန် ပြင်ဆင်နေ

သဘာဝပတ်ဝန်းကျင်အပေါ် ဝန်မပိသောညီညွတ်မျှတ စားသောက်ကုန်များဆိုင်ရာဥပဒေများ ပိုတင်းကျပ်ရန် ဆွစ်ဇာလန် ပြင်ဆင်နေ

ဆွစ်ဇာလန်နိုင်ငံသည် သဘာဝပတ်ဝန်းကျင်အပေါ် ဝန်မပိသောညီညွတ်မျှတသည့် စားသောက်ကုန်များဆိုင်ရာဥပဒေများတင်းကျပ်နိုင်ရေးအတွက် စက်တင်ဘာ ၂၃ တွင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခဲ့ပြီးအကြောင်းအရာနှစ်ခုနှင့် ပတ်သက်ကာမဲဆန္ဒခံယူခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်က ဆွစ်ဇာလန်တွင် စားသုံးမှုများသည့် ခေါက်ဆွဲအတွင်းမြင်းသားများပါဝင်နေမှု၊ ဆီအုန်းစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် မိုးသစ်တောများခုတ်ယူရှင်းလင်းခံရခြင်းများအတွက် နိုင်ငံအတွင်းဝေဖန်မှုများ မြင့်တက်ခဲ့ပြီးနောက် ထိုကိစ္စနှစ်ရပ်နှင့် ပတ်သက်ပြီး မျှတသောစားသောက်ကုန်များဆိုင်ရာဥပဒေများတင်းကျပ်သင့် မသင့် ဆန္ဒခံယူပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ 
    စားသောက်ကုန်များကိုမည်သည့်နေရာကထုတ်လုပ်သည်၊ မည်သည့်နည်းလမ်းဖြင့် ထုတ်လုပ်သည်ကို ဆွစ်ဇာလန်တွင်သာမက ဥရောပနိုင်ငံများတွင်ပါ စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ ဥပဒေပြုရေးနှင့် ပတ်သက်နေသောကိစ္စရပ်များကိုထောက်ခံလက်မှတ် တစ်သိန်းအထက်ရအောင် စည်းရုံးနိုင်ပါက ဆွစ်ဇာလန်တွင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခွင့်ရှိသည်။ 
    သဘာဝပတ်ဝန်းကျင် ဝန်မပိစေသောညီညွှတ်မျှတ စားသောက်ကုန်များဆိုင်ရာဥပဒေတွင် တိရစ္ဆာန်များကို ညှင်းပန်းရာမရောက်သည့် နည်းလမ်းများဖြင့် အသားထုတ်လုပ်ရေးအစိုးရကအားပေးရန်၊ အသားထုတ်ကုန်များ၏ ရင်းမြစ်နှင့် ထုတ်လုပ်ပုံအသေးစိတ်ကို ထည့်သွင်းဖော်ပြရန်တို့ကိုဥပဒေအတွင်းထည့်သွင်းရန် ဆန္ဒခံယူခဲ့ခြင်းဖြစ်သည်။ 
    ထို့ပြင် စားသောက်စရာအလဟဿလွှင့်ပစ်ခြင်းတားဆီးရန်၊ ဆွစ်ဇာလန်နိုင်ငံတွင်းသို့ တင်သွင်းသည့် စားသောက်ကုန်များသည်လည်းဆွစ်ဇာလန် စည်းမျဉ်းဥပဒေများနှင့် ကိုက်ညီမှသာတင်သွင်းခွင့်ပြုရန်နှင့် စားသောက်ကုန် သွင်းကုန်များအပေါ် အခွန်တိုးကောက်ရေးလည်း ဆန္ဒခံယူပွဲမဲခွဲခဲ့ကြသည်။ 
    ဆွစ်ဇာလန်တွင် အော်ဂဲနစ် သဘာဝစစ်စစ်ထွက်ကုန်များကို လူကြိုက်များသထက် များလာနေပြီးစားသုံးသူများသည် ထိုထွက်ကုန်များကို၂၀  ရာခိုင်နှုန်းခန့်ထိ ငွေပိုပေးရလျှင်ပင်   စိတ်လိုလက်ရဝယ်ယူအားပေးမည်ဖြစ်ကြောင်း သဘောထားစစ်တမ်းတစ်ရပ်အရလည်း သိရသည်။