ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဒုတိယအကျော့ အကြိုဗိုလ်လုပွဲ ပွဲများမတိုင်မီ ပဏာမလက်ရွေးစင်လူစာရင်း ထုတ်ပြန်မည်

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဒုတိယအကျော့ အကြိုဗိုလ်လုပွဲ ပွဲများမတိုင်မီ ပဏာမလက်ရွေးစင်လူစာရင်း ထုတ်ပြန်မည်

ဆူဇူကီးပြိုင်ပွဲအကြို နိုင်ငံတကာခြေစမ်း ပွဲများကစားရန်အတွက် ပဏာမမြန်မာ့ လက်ရွေးစင်အသင်းလူစာရင်းကို ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ဒုတိယအကျော့ဆီမီးဖိုင်နယ် ပွဲစဉ်များမတိုင်မီ ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အသင်း တာဝန်ရှိသူတစ်ဦး က ထုတ်ဖော်ပြောဆိုခဲ့သည်။

ထုတ်ပြန်မည်

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များကို စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းကာလမတိုင်မီတွင် ပဏာမအသင်း လူ စာရင်းကို ထုတ်ပြန်မည်ဖြစ်သည်။

"ပဏာမလူစာရင်းကို ရှုံးထွက်ဆီမီးဖိုင်နယ်ဒုတိယအကျော့မကန်ခင်မှာ သတင်းထုတ် ပြန်ပေးမှာပါ။ ဘယ်နေ့လဲဆိုတာတော့ အတိ အကျ မသိသေးဘူး။ ရက်ပိုင်းအတွင် သတင်း ထုတ်ပြန်ပေးဖို့ရှိပါတယ်"ဟု ၎င်းတာဝန်ရှိသူ က ပြောဆိုခဲ့သည်။

စခန်းသွင်းလေ့ကျင့်

ပဏာမမြန်မာ့လက်ရွေးစင်အသင်း စခန်း သွင်းလေ့ကျင့်မှုများကို ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းဗိုလ်လုပွဲမတိုင်မီ စက်တင်ဘာ ၂၈ ရက် တွင် စတင်မည်ဖြစ်ပြီး ဗိုလ်လုပွဲသို့တက် ရောက်မည့် ကလပ်အသင်းနှစ်သင်း ကစား သမားများမှလွဲ၍ လူစုံလေ့ကျင့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။ ထို့နောက် ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ပြီးပါက အဆိုပါကလပ် အသင်းနှစ်သင်းမှ ကစားသမားများအပါအဝင် ကစားသမား ၂၆ ဦးဖြင့် စခန်းသွင်းလေ့ကျင့် မည်ဖြစ်သည်။

ခြေစမ်းခရီးထွက်မည်

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီး ပြိုင်ပွဲမတိုင်မီ အောက်တိုဘာ ၁၀ ရက်တွင် အဝေးကွင်း၌ အင်ဒိုနီးရှားလက်ရွေးစင်အသင်း နှင့်လည်းကောင်း၊ အောက်တိုဘာ ၁၄ ရက် တွင် အိမ်ကွင်း၌ အာဖဂန်နစ္စတန်အသင်းနှင့် လည်းကောင်း ခြေစမ်းပွဲနှစ်ပွဲကစားမည်ဖြစ်သည်။ ထို့နောက် ရက်အနည်းငယ်အနားယူ ကာ အောက်တိုဘာတတိယပတ်တွင် ကာတာ နိုင်ငံသို့ သုံးပတ်ကြာ လေ့ကျင့်ခြေစမ်းခရီး ထွက်မည်ဖြစ်ကာ ခြေစမ်းပွဲငါးပွဲယှဉ်ပြိုင်မည် ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး