မျိုးဆက်သစ်များ နေရာပေးသင့်ကြောင်း ဇွဲကပင်နည်းပြ ပြောဆို

မျိုးဆက်သစ်များ နေရာပေးသင့်ကြောင်း ဇွဲကပင်နည်းပြ ပြောဆို

မြန်မာနေရှင်နယ်လိဂ်တွင် မျိုးဆက်သစ် လူငယ်ကစားသမားများနှင့် နည်းပြများကို နေရာပေးသင့်ကြောင်း ဇွဲကပင်အသင်းနည်းပြ ဦးမင်းထွန်းလင်းက ပြောဆိုခဲ့သည်။

"နေရှင်နယ်လိဂ်က တဖြည်းဖြည်းနဲ့ ပြိုင် ဆိုင်မှု ပြင်းထန်လာပါပြီ။ ကျွန်တော်အကြံပြု ချင်တာက တကြွ်ကတဲ့လူငယ်တွေ၊ ကြိုးစားတဲ့ လူငယ်တွေကို လမ်းဖွင့်ပေးစေချင်တယ်။ ဆွဲ ခေါ်ပေးစေချင်တယ်။ ကစားသမားမှ မဟုတ် ပါဘူး။ လူငယ်နည်းပြတွေကိုလည်း နေရာပေး စေချင်ပါတယ်"ဟု ၎င်းက ပြောဆိုခဲ့သည်။

ဇွဲကပင်အသင်းသည် ဂျီအက်ဖ်အေကို အနိုင်ယူခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် နေရှင်နယ်လိဂ် ထိပ်သီးသုံး သင်းစာရင်းဝင်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး