ဆောက်သမ်းကို ဂိုးပြတ်သွင်းပြီး နေရှင်နယ်လိဂ်ချန်ပီယံဆု ရန်ကုန်ယူနိုက်တက်သိမ်းပိုက်

ဆောက်သမ်းကို ဂိုးပြတ်သွင်းပြီး နေရှင်နယ်လိဂ်ချန်ပီယံဆု ရန်ကုန်ယူနိုက်တက်သိမ်းပိုက်

မြန်မာနေရှင်နယ်လိဂ် ချန်ပီယံအဆုံးအဖြတ် ပွဲစဉ်တစ်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက်နှင့် ဆောက်သမ်းမြန်မာအသင်းတို့ စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီခွဲက YUSC ကွင်း၌ ယှဉ်ပြိုင်ခဲ့ရာ ရန်ကုန်ယူနိုက်တက်က လေးဂိုး ဂိုးမရှိဖြင့် အနိုင်ယူပြီး ချန်ပီယံဆုဖလားအား ဆွတ်ခူးနိုင်ခဲ့သည်။

ဦးဆောင်ဂိုး

ရန်ကုန်ယူနိုက်တက်သည် ပွဲထွက်စာရင်း၌ အဓိက ကစားသမားအစုံအလင် ထည့်သွင်း ခဲ့ပြီး ဆောက်သမ်းအသင်းကို ခြေစွမ်းအသာစီးဖြင့် ကစားနိုင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို မောင်မောင်လွင်က ပွဲချိန် ၂၉ မိနစ်တွင်သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ပွဲချိန် ၄၄ မိနစ်၌ ကျော်ဇင်ဦးက သွင်းယူခဲ့သည်။

ဆွတ်ခူးနိုင်

ဒုတိယပိုင်းတွင်လည်း ရန်ကုန်အသင်းကပင် ပွဲကို စိုးမိုးခဲ့ပြီး ၆၁ မိနစ်၌ ကျော်ဇင်ဦးကပင် တတိယဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ပွဲချိန် ၇၇ မိနစ်တွင် ဂိုးပေါက်ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သည့် စိုးမင်းနိုင်က ရန်ကုန်အသင်းအတွက် လေးဂိုးမြောက်ဂိုးကို သွင်းယူခဲ့၍ ပွဲအပြီး၌ လေးဂိုးပြတ်ဖြင့် ရန်ကုန်အသင်းအနိုင်ရခဲ့ကာ နေရှင်နယ်လိဂ်ချန်ပီယံဆုကို တစ် ကျော့ပြန်ဆွတ်ခူးနိုင်ခဲ့သည်။

ရန်ကုန်အသင်းသည် နေရှင်နယ်လိဂ်ချန်ပီယံဆုကို ယခုတစ်ကြိမ်နှင့်ဆိုလျှင် (၅)ကြိမ် မြောက်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး နေရှင်နယ်လိဂ်ကလပ်အသင်းများအနက် အအောင်မြင်ဆုံး ကလပ်အဖြစ် ရပ်တည်နိုင်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး