မန္တလေးမြို့တွင် လက်ခံကျင်းပမည့် ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တစ်ပွဲဖြစ်သော မြန်မာနှင့်ကမ္ဘောဒီးယားပွဲစဉ်အတွက် ကုန်ကျ စရိတ် ကျပ်သိန်း ၁၀ဝ၀ ခန့် ကျခံ သုံးစွဲရမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်က ထုတ်ဖော်ပြောဆို ခဲ့သည်။
မူပိုင်ထုတ်လွှင့်ခွင့်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အဆိုပါ ပွဲစဉ် အတွက် သုံးစွဲရမည့်ကုန်ကျစရိတ်ထဲတွင် ဆူဇူ ကီးပြိုင်ပွဲအား မူပိုင်ထုတ်လွှင့်ခွင့်ရရှိထားသည့် Lagardere ကုမ္ပဏီအား ပေးချေရမည့် ကုန်ကျ စရိတ်များလည်း ပါဝင်ကြောင်း သိရသည်။
ကုန်ကျမည်
"မြန်မာနဲ့ကမ္ဘောဒီးယားပွဲစဉ်အတွက် ကုန်ကျ စရိတ်က စုစုပေါင်းကျပ်သိန်း ၁၀ဝ၀ ဝန်းကျင် ကုန်ကျမှာပါ။ အဲဒီကုန်ကျစရိတ်တွေထဲမှာ မူပိုင် ထုတ်လွှင့်ခွင့်ရရှိထားတဲ့ ကုမ္ပဏီကိုပေးရမယ့် ကုန် ကျစရိတ်တွေလည်းပါတယ်။ နောက်ပြီး ကမ္ဘောဒီး ယားအသင်းအတွက် တည်းခိုနေထိုင်စားသောက် စရိတ်တွေရော၊ ပြိုင်ပွဲကျင်းပတဲ့စရိတ်တွေပါ ထည့် ပေါင်းထားပါတယ်"ဟု ဦးဇော်မင်းထိုက်က ပြော ဆိုခဲ့သည်။
ရည်မှန်းခဲ့
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အိမ်ရှင် အဖြစ်ကျင်းပခွင့်ရသည့် အုပ်စုပွဲစဉ် နှစ်ပွဲအား ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌သာ ကျင်းပရန် ရည်မှန်း ခဲ့သော်လည်း အထက်မြန်မာပြည် ပရိသတ်များပါ ကွင်းအတွင်း အားပေးကြည့်ရှုနိုင်ရန်အတွက် ရည် ရွယ်၍ ပွဲစဉ်တစ်ပွဲကို မန္တလေးမြို့တွင် ကျင်းပခွင့် ရရန် အာဆီယံဘောလုံးအဖွဲ့ချုပ်သို့တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်သည်။
ယှဉ်ပြိုင်ရမည်
အိမ်ရှင်အဖြစ်ကျင်းပမည့် အုပ်စုပွဲစဉ် နှစ်ပွဲ အနက် မြန်မာနှင့် ကမ္ဘောဒီးယားပွဲစဉ်ကို နိုဝင်ဘာ ၁၂ ရက်တွင် မန္တလာသီရိကွင်း၌ လည်းကောင်း၊ မြန်မာနှင့်ဗီယက်နမ်အသင်းပွဲစဉ်ကို နိုဝင်ဘာ၂၀ ရက်တွင် သုဝဏ္ဏကွင်း၌လည်းကောင်း ကျင်းပမည် ဖြစ်သည်။ မြန်မာအသင်းသည် ဆူဇူကီးပြိုင်ပွဲ အုပ်စု(က)တွင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက် နမ်၊ မလေးရှားအသင်းတို့နှင့်အတူ ကျရောက်နေ ပြီး လာအိုနှင့်မလေးရှားအသင်းတို့ကို အဝေးကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။















