မြန်မာယူ-၁၆ အမျိုးသမီးအသင်း ရှုံးပွဲမရှိ အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့်တက်ပြီ

မြန်မာယူ-၁၆ အမျိုးသမီးအသင်း ရှုံးပွဲမရှိ အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့်တက်ပြီ

အာရှယူ--၁၆ အမျိုးသမီးချန်ပီယံရှစ် ပထမအဆင့်ခြေစစ်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာနှင့် ဖိလစ်ပိုင်အမျိုးသမီးအသင်းတို့ သည် စက်တင်ဘာ ၂၃ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က Halchowk ကွင်း၌ ယှဉ်ပြိုင်ခဲ့ရာ ငါးဂိုး တစ်ဂိုးဖြင့် မြန်မာအသင်း အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းမှာ ပွဲစသည်နှင့် ဖိလစ်ပိုင်အသင်းဘက်သို့ တိုက်စစ် ဆင်မှုများ ပြလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၁၆ မိနစ်တွင် ဦးဆောင်ဂိုးကို ဇင်မာ ထွေးက သွင်းယူပေးခဲ့သည်။ ထို့နောက် လေးမိနစ်အကြာတွင် ဒုတိယ ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင် မြတ်နိုးခင်သွင်းယူခဲ့ရာ ဖိလစ် ပိုင်နောက်ခံလူ ဖျက်ထုတ်ရာမှာ ကိုယ့်ဂိုးကို ကိုယ်သွင်းယူခဲ့၍ မြန်မာ အသင်း ဒုတိယဦးဆောင်ဂိုးရခဲ့သည်။ ထို့နောက် မြန်မာအသင်း ကပင် ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီးတွင် ထောင့် ကန်ဘောကတစ်ဆင့် ဆွေမာအောင်က ခေါင်းတိုက်သွင်းယူခဲ့၍ သုံးဂိုး ဂိုးမရှိဖြင့် မြန်မာအသင်းက ဦးဆောင်နေခဲ့သည်။

အနိုင်ရရှိ

ဒုတိယပိုင်းစတင်ပြီး မကြာမီတွင် မြန်မာအသင်းလေးဂိုးမြောက် ဦးဆောင်ဂိုးရခဲ့ပြီး ယင်းဂိုးကို မြတ်နိုးခင်၏ ဖန်းတီးပေမှုကတစ်ဆင့် ဇင်မာထွေးကသွင်းယူခဲ့သည်။ ပွဲချိန် ၆၂ မိနစ် တွင် မြန်မာနောက်ခံ လူများ လူကပ်ပုံအားနည်းမှုကတစ်ဆင့် ဖိလစ်ပိုင်အသင်း ချေပဂိုး ရရှိခဲ့သည်။ ထို့နောက် မြန်မာအသင်းမှ ဦးဆောင် ဂိုးထပ်မံရရှိရန် ကြိုးစားလာခဲ့ပြီး ဖြည့်စွက် အချိန်ပို ၃ မိနစ်တွင် ဆွေမာအောင်က ဂိုး ထပ်မံသွင်းယူခဲ့၍ ပွဲအပြီးတွင် ငါးဂိုး တစ်ဂိုးဖြင့် မြန်မာအသင်း အနိုင်ရရှိခဲ့သည်။

တက်လှမ်းနိုင်

မြန်မာအမျိုးသမီးယူ--၁၆ အသင်းသည် အုပ်စုတွင်းပွဲစဉ်အားလုံး အနိုင်ရရှိခဲ့ပြီး သုံးပွဲကစား၊ ရမှတ် ၉ မှတ်ဖြင့် အုပ်စု(င)ဗိုလ်အဖြစ် အာရှယူ--၁၆အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်သို့ တက်လှမ်းနိုင် ခဲ့သည်။



ဖတ်ရှုမှုအများဆုံး