အင်းစိန်မြို့နယ်တွင် စကားများရန်ဖြစ်စဉ် ဓားဖြင့်ထိုးသတ်ခဲ့သည်ဆိုသူကို ဖမ်းမိ

အင်းစိန်မြို့နယ်တွင် စကားများရန်ဖြစ်စဉ် ဓားဖြင့်ထိုးသတ်ခဲ့သည်ဆိုသူကို ဖမ်းမိ

အင်းစိန်မြို့နယ်တွင် စကားများရန်ဖြစ်စဉ် ဓားဖြင့်ထိုးသတ်ခဲ့သည်ဆိုသူကို သက်ဆိုင်ရာက စက်တင်ဘာ ၂၄ ရက်တွင် ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ ၂၃ ရက် ည ၁၀ နာရီ အချိန်ခန့်တွင်အင်းစိန်မြို့နယ် စဉ်​့ငူရပ်​ကွက်​  ​နေ အမျိုးသမီး နေအိမ်​၌ရှိ​နေစဉ်​  သားဖြစ်​သူမျိုးမင်​းထွန်​း စဉ်​့ငူရပ်​ကွက်​ ရွာလည်​ လမ်​းတွင်​ ဓားထိုးခံရပြီး အင်​းစိန်​​ဆေးရုံသို့​ရောက်နေကြောင်း သားဖြစ်သူ၏ သူငယ်များက လာရောက် ​ပြောပြသိရ သဖြင့်သွားရောက်ကြည့်ရှုခဲ့သည်။

သားဖြစ်သူ တွင် ဝဲရင်​ဘက်​ထိုးသွင်​း၊ဝဲပါးထိုးသွင်​း၊ ဝဲပခုံး ထိုးသွင်​း၊ ဝဲလက်​ပြင်​ ထိုးသွင်​းဒဏ်​ရာ၊ဝဲဘက်​ခါး​စောင်​း ထိုးသွင်​းဒဏ်​ရာများရ ရှိကာ ရန်​ကုန်​​ဆေးရုံသို့ လွဲပြောင်းကုသစဉ် စက်တင်ဘာ ၂၄ရက်​​နေ့ နံနက်​ ၅ နာရီ၃၅ နာရီအချိန်​ခန်​့တွင်​ ရရှိဒဏ်​ရာ များဖြင်​့​သေဆုံးသွားခဲ့သည်။

ဓားဖြင်​့ထိုးသူကို စုံစမ်းမေးမြန်းရာ စဉ့်ငူရပ်ကွက်နေ စိုးဝင်​းသန်​း(ခ)အိုစမာ ဖြစ်ကြောင်းသိရ၍ အရေးယူပေးရန်တိုင်ကြားခဲ့သည်။

အင်​းစိန်​မြို့မရဲစခန်​းက (ပ)၁၉၆၆/၁၈ ရာဇသက်​ကြီးပုဒ်​မ ၃၀၂ အရ အမှုဖွင့်အရေးယူခဲ့ပြီး အင်​းစိန်​မြို့မရဲစခန်​းမှူးး ဒုရဲမှူးကိုကို​ထွေး ဦးစီးသည့် တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန် သူကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသိရသည်။