မြေထဲပင်လယ်အတွင်းခိုလှုံသူများကယ်ဆယ်နေသည့် အကွားရီးယတ်စ်သင်္ဘော ပနားမားမှတ်ပုံတင်ရုပ်သိမ်းခံရ

မြေထဲပင်လယ်အတွင်းခိုလှုံသူများကယ်ဆယ်နေသည့် အကွားရီးယတ်စ်သင်္ဘော ပနားမားမှတ်ပုံတင်ရုပ်သိမ်းခံရ

မြေထဲပင်လယ်အတွင်း အာဖရိကဘက်မှ ခိုလှုံသူများကိုကယ်ဆယ်ကာ ဥရောပဆိပ် ကမ်းများသို့ပို့ဆောင်ပေးနေသော အကွားရီး ယတ်စ်သင်္ဘောသည် ပနားမားမှတ်ပုံတင် ရုပ်သိမ်းခံလိုက်ရပြီဖြစ်ကြောင်း သိရသည်။ အခြားနိုင်ငံတစ်နိုင်ငံတွင် မှတ်ပုံတင်ခွင့်မရပါက သင်္ဘောသည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် အခက်တွေ့နိုင်ခြေ ရှိနေသည်။

နောက်ဆုံးလက်ကျန်

အကွားရီးယတ်စ်သည် လစ်ဗျားဘက်မှ မြေထဲပင်လယ်ဖြတ်ကာ ဥရောပသို့ကူးဝင်သည့် ခိုလှုံသူများ ပင်လယ်အတွင်း ဒုက္ခတွေ့ပါက ကယ်တင်နေသည့် နောက်ဆုံးလက်ကျန်ပုဂ္ဂလိ က အဖွဲ့အစည်းသင်္ဘောလည်းဖြစ်သည်။ နယ် စည်းမခြားဆရာဝန်များအဖွဲ့ (အမ်အက်စ် အက်ဖ်) နှင့် မြေထဲပင်လယ်အဖွဲ့ (အက်စ်အို အက်စ်) တို့၏ရန်ပုံငွေဖြင့် အကွားရီးယတ်စ် သင်္ဘောကို ငှားရမ်းအသုံးပြုနေခြင်းဖြစ်သည်။ သင်္ဘောမှတ်ပုံတင်ထားမှုရုပ်သိမ်းရန် ပနားမား အစိုးရကို အီတလီအစိုးရက ဖိအားပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း အထက်ပါအဖွဲ့နှစ်ဖွဲ့ကစွပ်စွဲ ထားပြီး အီတလီအစိုးရက ငြင်းဆိုထားသည်။

ဖိအားပေးခြင်းမရှိ

အကွားရီးယတ်စ်သင်္ဘောသည် ခိုလှုံသူများ အတွက် ဖယ်ရီသင်္ဘောဖြစ်နေကြောင်း အီတလီ ပြည်ထဲရေးဝန်ကြီးမတ်တီယိုဆယ်ဗီနီက ဝေဖန် ပြောကြားခဲ့ဖူးသည့်တိုင် ပနားမားအစိုးရကို ၎င်းအနေဖြင့် ဖိအားပေးခဲ့ခြင်းမရှိဟု ဆယ်ဗီနီ က ပြောဆိုသည်။ ပနားမားအစိုးရက အကွား ရီးယတ်စ်သင်္ဘောမှတ်ပုံတင်အား ရုပ်သိမ်း လိုက်ခြင်းကိုပင် ၎င်းသည် သိရှိခြင်းမရှိဟု ဆယ်ဗီနီက ပြောသည်။

အချိုးကျ

လက်ယာယိမ်းသမဂ္ဂပါတီနှင့် ကြယ်ငါးပွင့် လှုပ်ရှားမှုပါတီညွန့်ပေါင်းဖွဲ့ထားသည့်အစိုးရ ဇွန်လကတက်လာပြီးနောက် ပြည်ထဲရေးဝန်ကြီး ဖြစ်လာသည့် မစ္စတာဆယ်ဗီနီသည် ခိုလှုံသူများ ကိုလက်မခံဘဲ တင်းခံထားမှုကြောင့် လူသိများ ခဲ့သူလည်းဖြစ်သည်။ ခိုလှုံသူများကို အီတလီ ကချည်း ဒိုင်ခံလက်ခံမနေနိုင်ဘဲ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက အချိုးကျခွဲဝေတာဝန် ယူပါမှ အီတလီဆိပ်ကမ်းသို့ ကယ်ဆယ်ရေး သင်္ဘောများကပ်ခွင့်ပေးမည်ဟု မစ္စတာဆယ်ဗီ နီက ဆိုထားသည်။