သပိတ်ကျင်းမြို့နယ်တွင် ဆိုင်ကယ်ဖြင့်သယ်ယူလာသည့် ဘိန်းဖြူ ၃၀ဝ ဂရမ်ကို မူးယစ်တပ်ဖွဲ့စုက သတင်းအရ စက်တင်ဘာ ၂၄ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်၌ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် စံပ္ပါယ်နဂိုရ် ကျေးရွာ အဝင်လမ်းတွင် ရေဆိပ် ဆိပ်ကမ်းဘက်သို့ အောင်မြတ်နိုင် (၄၀ နှစ်) မောင်းနှင်ပြီး လှထွန်းရီ (၃၆ နှစ်)လိုက်ပါစီးနင်းလာသော ဆိုင်ကယ်ကို သက်ဆိုင်ရာက မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးခဲ့သည်။
ဆိုင်ကယ်ရှေ့ခွကြားရှိ ကျောပိုးအိတ်အတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် ဆပ်ပြာခွက် ၂၅ ခွက်အတွင်းမှ စုစုပေါင်း ဘိန်းဖြူ ၃၀ဝ ဂရမ်၊ ကာလတန်ဖိုး ၃၀ဝ၀ဝ၀ဝ၀ ကျပ် နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ သောကြောင့် ၄င်းတို့ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
သပိတ်ကျင်းမြို့မရဲစခန်းက မယ(ပ)၃၂/၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

















