အမေရိကန်ဆန်ရှင်(sanction)ကို ကျော်လွှားကာ အီရန်နှင့် စီးပွားဆက်ဆံနိုင်ရေး ၂၀၁၅ ခုနှစ် နျူကလီးယားစာချုပ်အဖွဲ့ဝင်နိုင်ငံများ ကြိုးပမ်း

အမေရိကန်ဆန်ရှင်(sanction)ကို ကျော်လွှားကာ အီရန်နှင့် စီးပွားဆက်ဆံနိုင်ရေး ၂၀၁၅ ခုနှစ် နျူကလီးယားစာချုပ်အဖွဲ့ဝင်နိုင်ငံများ ကြိုးပမ်း

အီရန်နှင့် စီးပွားဆက်လက် လုပ်ကိုင်နိုင်ရန်နှင့် အမေရိကန် ဆန်ရှင်(sanction)များကိုကျော်လွှားနိုင်ရန်အတွက် ငွေကြေးကွန်ရက်သစ်တစ်ရပ် ထူထောင်သွားမည်ဖြစ်ကြောင်း အီရန်နှင့်  ၂၀၁၅ ခုနှစ်က နျူကလီးယားသဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံများက ထုတ်ပြန်ကြေညာလိုက်သည်။ 

ငွေကြေးကွန်ရက်သစ်ကြောင့် ရေနံလုပ်ငန်းများနှင့် အမျိုးမျိုးသောစီးပွားလုပ်ငန်းများသည် အမေရိကန်ဦးဆောင်သောကမ္ဘာ့ဈေးကွက်ကွန်ရက်နှင့် ဒေါ်လာအပေါ် မှီခိုရန်မလိုဘဲအီရန်နှင့် ဆက်ဆံလုပ်ကိုင်နိုင်မည်ဖြစ်သည်။ ငွေကြေးကွန်ရက်သစ်သည် မည်သို့မည်ပုံအလုပ်လုပ်မည်ကိုမူ အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးပေ။ 
    ယခုနှစ်ဆန်းပိုင်းတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည်  ၂၀၁၅ခုနှစ်က ချုပ်ဆိုထားသောအီရန် နျူကလီးယားစာချုပ်မှ  အမေရိကန်ကိုဆွဲထုတ်ခဲ့ပြီးအီရန်အပေါ် ဆန်ရှင်များလည်း ပြန်လည်ချမှတ်ခဲ့သည်။ စာချုပ်ကိုသမ္မတဟောင်းဘားရတ် အိုဘားမားလက်ထက်ကအတည်ပြုခဲ့ခြင်းဖြစ်သည်။ အီရန်က နျူလုပ်ငန်းများလျှော့ချပေးကာ အပြန်အလှန်အားဖြင့် ဆန်ရှင် လျှော့ပေးသည့် အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။ 
    စာချုပ်တွင်  ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနှင့် ရုရှားတို့ ဆက်လက်ကျန်ရှိနေသည်။ အီရန်နှင့် တရားဝင် ကုန်သွယ်မှုများမထိခိုက်စေရန် အစွမ်းကုန်  ဆောင်ရွက်သွားမည်ဟုလက်ကျန် ငါးနိုင်ငံကထုတ်ပြန်ထားသည်။ အီရန်နှင့် ကျန် ငါးနိုင်ငံအကြားကုန်သွယ်မှုများတွင် အမေရိကန်ဘဏ္ဍာရေးစနစ်နှင့် မငြိစေရန်အတွက် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများကစီစဉ်နေပြီဖြစ်ကြောင်းဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဖရက်ဒရစ်ကာမိုဟာရီနီကပြောသည်။ 
    အမေရိကန်အနေဖြင့် ဘဏ္ဍာရေးစနစ်သစ်များကိုပါ အကျုံးဝင်စေရန် ၎င်းတို့၏  ဆန်ရှင်ကိုချဲ့ထွင်နိုင်မည်ဖြစ်ရာအီရန်နှင့် အင်အားကြီးငါးနိုင်ငံတို့၏ ဘဏ္ဍာရေးစနစ်သစ်သည် လက်တွေ့တွင် အလုပ်ဖြစ်မည်  မဖြစ်မည်ကိုဝေဖန်သုံးသပ်မှုများလည်းရှိနေသည်။