ခင်ပွန်းက ဇနီးသည်ကို ဓာတ်ဆီလောင်းမီးရှို့မှုဖြစ်ပွား

ခင်ပွန်းက ဇနီးသည်ကို ဓာတ်ဆီလောင်းမီးရှို့မှုဖြစ်ပွား

မြောက်ဥက္ကလာပမြို့နယ်တွင် အရက်မူးနေသည့် ခင်ပွန်းက စကားများရန်ဖြစ်စဉ် ဇနီးသည်ကို ဓာတ်ဆီလောင်းမီးရှို့ ခဲ့မှု စက်တင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့ကြောင်း မြောက်ဥက္ကလာပမြို့မရဲစခန်းမှ သိရသည်။

အဆိုပါနေ့ ညနေ ၄ နာရီ မိနစ် ၂၀ တွင် မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက်၊ မေဓာဝီဈေးရှေ့လမ်းပေါ်၌ (ဃ)ရပ်ကွက်နေ မမိဖြိုး(၃၁)နှစ်နှင့် အရက်မူးနေသည့်ခင်ပွန်းဖြစ်သူ ထွန်းထွန်းဦး(၃၂)နှစ် တို့ စကားများရန်ဖြစ်ခဲ့သည်။ 
ထိုသို့ဖြစ်ပွားစဉ် ထွန်းထွန်းဦးက အသင့်ပါလာသည့် ဓာတ်ဆီဗူးဖြင့် မမိဖြိုး၏ ခန္ဓာကိုယ်ပေါ် သို့လောင်းကာ မီးရှို့ခဲ့သောကြောင့် မမိဖြိုးတွင် ဝဲ/ယာလက်၊ ရင်ဘတ်၊ ဝဲ/ယာ ခြေထောက်တို့တွင် မီးလောင် ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိကာ မြောက်ဥက္ကလာပဆေးရုံသို့တင်ပို့ကုသရသောကြောင့် အရေး ယူပေးရန်တိုင်ကြားခဲ့သည်။ 

မြောက်ဥက္ကလာပမြို့မရဲစခန်းက(ပ)၁၂၀၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့် အရေးယူထားသည်။