စစ်တွေမြို့တွင် စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်တွေမြို့တွင် စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးရှေ့ ဈေးပွဲတော်မှ ပြန်လာသည့် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရမှုကို သက်ဆိုင်ရာက စက်တင်ဘာ ၂၅ ရက်နေ့တွင် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။ 

အဆိုပါနေ့ ည ၉ နာရီအချိန်ခန့်တွင် စစ်တွေမြို့ရှိ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးရှေ့ ဈေးပွဲတော်တွင် စစ်ဘက်ဆိုင်ရာစုံစမ်းရေးတပ်ဖွဲ့ဝင် တပ်ကြပ်ဝင်းထိုက်(ခ)ဖိုးလုံးမှာ ဇနီး၊ အသက် ၆ နှစ်အရွယ်ခန့် သမီးတို့ကို မုန့်လိုက်ကျွေးခဲ့ပြီး ဝင်္ကဘာကွင်းအနီး ရပ်ထားသည့် ဆိုင်ကယ်ကို သွားယူစဉ် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။ 

သေနတ်ဖြင့်ပစ်ခတ်သူမှာ ထွက်ပြေးသွားခဲ့ပြီး တပ်ကြပ်ဝင်းထိုက်တွင် ဦေးခါင်းနောက်စေ့ သေနတ်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့တင်ပို့စဉ် သေဆုံးသွားခဲ့ကြောင်းသိရသည်။ ရဲတပ်ဖွဲ့မှတ်တမ်းများအရ သေဆုံးသူမှာ ရန်ကုန်တွင်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဇနီးဖြစ်သူနေထိုင်ရာ စစ်တွေသို့ အလည်ရောက်ရှိစဉ်ထိုသို့ လုပ်ကြံခံရခြင်းဖြစ်ကြောင်း သိရသည်။ 

စစ်တွေမြို့ အမှတ်(၂)နယ်မြေ ရဲစခန်းက (ပ)၉၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။