ခိုးမှု၊လုယက်မှုကျူးလွန်ထားကြောင်း သတင်းရရှိသူ ၄ ဦးကိုစစ်ရာမှ ခိုးမှု ၁ မှုနှင့်လုယက်မှု ၇ မှု ပေါ်ပေါက်

ခိုးမှု၊လုယက်မှုကျူးလွန်ထားကြောင်း သတင်းရရှိသူ ၄ ဦးကိုစစ်ရာမှ ခိုးမှု ၁ မှုနှင့်လုယက်မှု ၇ မှု ပေါ်ပေါက်

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ခိုးမှု၊လုယက်မှုကျူးလွန်ထားကြောင်းသတင်းရရှိသူ ၄ ဦးကို စစ်ဆေးခဲ့ရာမှ ခိုးမှု ၁ မှုနှင့်လုယက်မှု ၇ မှု ပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၁ ရက် ည ၉ နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ခိုးမှုများကျူးလွန်ထား ကြောင်းသတင်းရရှိထားသည့်ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၈)ရပ်ကွက်နေ အောင်သူဇော်(ခ) အောင်ဇော်၂၅နှစ်၊ စောလင်းထွန်း(ခ)ဖိုးလုံး ၁၉ နှစ်၊ ဝေယံနိုင်(ခ)ပိစိ ၂၀ နှစ်နှင့် နိုင်ဝင်း(ခ)နိုင်နိုင်း ၁၆နှစ်တို့ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ က ဖမ်းဆီးစစ်ဆေးခဲ့သည်။ 

၄င်းတို့ထံမှသိမ်းဆည်းရမိသည့် လက်ကိုင်ဖုန်းကို စက်တင်ဘာ ၁၈ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်က ယုဇနဥယျာဉ်အိမ်ရာ(A-7)လမ်းနှင့် ပုဏ္ဏမီလမ်းထောင့်အနီး အရက်မူးနေသူ အမျိုးသားတစ်ဦးထံမှ လုယူခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်ခဲ့သည်။

၎င်းတို့(၄)ဦးကို အခြားခိုးမှုများကျူးလွန်ထားခြင်းရှိမရှိ ဆက်လက်စစ်ဆေးခဲ့ရာ အောင်သူဇော်(ခ)အောင်ဇော်နှင့် နိုင်ဝင်း(ခ)နိုင်နိုင်းတို့ သည် ယခုနှစ် သြဂုတ်လအတွင်း ၉၂ ရပ်ကွက် တိုက်ခန်းများရှေ့ တွင်ရပ်ထားသည့် Toyotur-125 အမျိုးအစား ဆိုင်ကယ် ၁ စီးကိုလည်းကောင်း၊ အောင်သူဇော်(ခ)အောင်ဇော်၊ စောလင်းထွန်း(ခ)ဖိုးလုံးနှင့် ဝေယံနိုင်(ခ)ပိစိတို့ ၃ ဦးသည် သြဂုတ်နှင့်စက်တင်ဘာလအတွင်းက ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်များအတွင်းမှ လက်ကိုင်ဖုန်း(၇)လုံးတို့ကို လုယက်ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ 

သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ၄င်းတို့ခိုးယူခဲ့သည့် ပစ္စည်းများကို ပြန်လည် သိမ်းဆည်းကာ ပစ္စည်းပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာသို့ဆက်သွယ်ရန် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။