အမေရိကန်ဟာသမင်းသားကြီးကော့စ်ဘီ လိင်မှုအနိုင်ကျင့် စွပ်စွဲချက်များဖြင့် ထောင်သွင်းအကျဉ်းချရန် အမိန့်ချမှတ်ခံရ

အမေရိကန်ဟာသမင်းသားကြီးကော့စ်ဘီ လိင်မှုအနိုင်ကျင့် စွပ်စွဲချက်များဖြင့် ထောင်သွင်းအကျဉ်းချရန် အမိန့်ချမှတ်ခံရ

အသက် ၈၁ နှစ်အရွယ် အမျိုးသား ဟာသသရုပ်ဆောင် ဘီလ်ကော့စ်ဘီအား အမျိုးသမီးများအပေါ် လိင်မှုအနိုင်ကျင်ခဲ့ကြောင်း စွဲချက်များအရ အမေရိကန်နိုင်ငံ ပင်နီဆယ်ဗေးနီးယားပြည်နယ်ရှိ တရားသူကြီးတစ်ဦးက ထောင်သုံးနှစ်မှ ၁၀ နှစ်အထိ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

လိင်မှုအနိုင်ကျင့်ရန် သရဲမရဲစီးနေသူအဖြစ် စာရင်းသွင်းခံရသည့် ကော့စ်ဘီသည် တစ်သက်တာစောင့်ကြည့်ခံရသူ အဖြစ်လည်း သတ်မှတ်ခံလိုက်ရသည်။ ကော့စ်ဘီက သတင်းကြေညာချက်ထုတ်ပြန်ရန် ငြင်းဆိုခဲ့သည်။ ၄င်းသည် ၂၀ဝ၄  ခုနှစ်အတွင်း လိင်မှုစော်ကားမှုသုံးမှုကျူးလွန်ခဲ့ခြင်းအတွက် အပြစ်ရှိကြောင်း ဧပြီက ဆုံးဖြတ်ခံခဲ့ရသည်။ ကော့စ်ဘီက အယူခံဝင်ခဲ့ပြီး ယင်းကာလအတွင်း အာမခံပေးရန် တောင်းဆိုခြင်းသည် ပယ်ချခံခဲ့ရသည်။
    ကော့စ်ဘီသည် နယူးယောက် ဘရုတ်ကလင်းတွင်နေထိုင်သည့် အာဖရိကန်အမေရိကန်မိသားစုများကို ကိုယ်စားပြု ရုပ်သံအစီအစဉ်များကြောင့် ၁၉၈၀ ပြည့်လွန်နှစ်များစ၍ အမေရိကန်တစ်ဝန်း ကျော်ကြားခဲ့သည်။ 
မည်သို့ဖြစ်စေ မကောင်းမှုများ ကျူးလွန်ခဲ့၍ တစ်ကျော့ပြန်အပြစ်ဒဏ် ခံစားရခြင်းဖြစ်ကြောင်း တရားသူကြီး စတီဗင်အိုနီးလ်က ပြောဆိုခဲ့သည်။
    ကော့်စဘီသည် ၂၀ဝ၀ ပြည့်နှစ်အထိ ကောင်းသတင်းဖြင့် ကျော်ကြားဆဲဖြစ်ခဲ့သည်။ သို့သော် ၂၀၁၀ ပြည့်နှစ်များ အလယ်ခန့်မှစ၍ ၄င်းသည် လွန်ခဲ့သည့်ဆယ်စုနှစ်များစွာအတွင်း လိင်မှုအနိုင်ကျင့်မှုများစွာ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှုများ ပေါ်ထွက်လာသည်။ ကော့စ်ဘီက စွပ်စွဲမှုများသည် အလိမ်အညာများသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ 
    အမှုများစွာသည် ကန့်သတ်ချိန်ကျော်လွန်ခဲ့ပြီး ဥပဒေအကန့်အသတ်များကြောင့် စွဲဆိုနိုင်ခြင်း မရှိသော်လည်း အမှုသုံးမှုအတွက်မူ အပြစ်ရှိကြောင်း ဧပြီလက တရားရုံးက စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။